သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီယား ဒုံးကျည်နည်းပညာ တိုးတက်လာ


မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့ ဒုံးပျံ အစိတ်အပိုင်း တခုကို တောင်ကိုရီးယား ရေတပ်တွင် တွေ့ရပုံ။ (ဒီဇင်ဘာလ ၁၄၊ ၂၀၁၂)။
မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့ ဒုံးပျံ အစိတ်အပိုင်း တခုကို တောင်ကိုရီးယား ရေတပ်တွင် တွေ့ရပုံ။ (ဒီဇင်ဘာလ ၁၄၊ ၂၀၁၂)။
မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့ ဒုံးပျံ အစိတ်အပိုင်း တခုအရ မြောက်ကိုးရီးယားဟာ ပဲ့ထိန်းဒုံးကျည်နည်းပညာ သိသိသာသာ တိုးတက်လာတာကို တွေ့ရတယ်လို့ တောင်ကိုးရီးယား က ပြောဆိုလိုက်ပါတယ်။

အလေးချိန် ၅၀၀ ကနေ ၆၀၀ ကီလိုဂရမ်ရှိတဲ့ ထိပ်ဖူးသာ သယ်ဆောင်နိုင်တယ်ဆိုရင် အထီးကျန် ဖြစ်နေတဲ့ အိမ်နီးချင်း မြောက်ကိုရီးယား နိုင်ငံဟာ မိုင်ပေါင်း ၆ ထောင်ကျော် ကီလိုမီတာ ၁ သောင်းကျော် ပစ်လွှတ်နိုင်တဲ့ ဒုံးကျည်တခုကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့ပြီ ဆိုပြီး တောင်ကိုးရီးယား ကာကွယ်ရေး ဝန်ကြီးဌာန အရာရှိတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ အခု စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်နှုန်းဟာ အမေရိကန် ပြည်ထောင်စုရဲ့ အနောက်ဘက်ကမ်းခြေ အထိ ရောက်နိုင်တယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။

ဒါပေမဲ့လည်း ဒုံးကျည်မှာ တပ်ဆင်နိုင်တဲ့ အသေးစား နျူကလီးယား ဗုံး နည်းပညာတော့ ဖွံ့ဖြိုးတဲ့ပုံ မရှိဘူးလို့လည်း တောင်ကိုးရီးယား အရာရှိတွေက ပြောပါတယ်။

မြောက်ကိုးရီးယား ဘက်ကတော့ ဒီဇင်ဘာ ၁၂ ရက်နေ့က လွှတ်တင်လိုက်တဲ့ ဒုံးကျည်ဟာ အာကသ လမ်းကြောင်းထဲကို ရာသီဥတု ဆိုင်ရာ ဂြိုဟ်တု တလုံးလွှတ်တင်ခြင်းသာ ဖြစ်ပြီး ငြိမ်းချမ်းရေးကို ချိုးဖောက်လုပ်ဆောင်မှု တစုံတရာ မရှိဘူးဆိုပြီး ငြင်းဆိုထားပါတယ်။

သောကြာနေ့တုန်းကတော့ မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက ဒုံးကျည်ဆိုင်ရာ သိပ္ပံပညာရှင်တွေကို ပြုံယမ်းမြို့တော်မှာ တည်ခင်းတဲ့ ညစာစားပွဲ တခုမှာ မြောက်ကိုးရီးယားရဲ့ ဒုံးကျည် နည်းပညာ တိုးတက်စေဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG