သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးယာဉ်ပစ်လွှတ်မှု နိုင်ငံတကာ တုန့်ပြန်


People film a shower of cherry blossoms at a park in Tokyo, Japan.
People film a shower of cherry blossoms at a park in Tokyo, Japan.

မြောက်ကိုရီးယားက တာဝေးပစ်ဒုံးယာဉ် တစင်း လွှတ်တင်လိုက်တယ်ဆိုတဲ့ ကြေညာချက်ကြောင့် ကမ္ဘာတလွှား စိတ်ဆိုး ဒေါသထွက်စေပြီး မြန်မြန်ဆန်ဆန် တုံ့ပြန်ခဲ့ကြပါတယ်။

ပဲ့ထိန်းတပ် ဒုံးကျည် နည်းပညာ အသုံးပြုမှုနဲ့ ဆက်စပ်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်းစီက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ကို မြောက်ကိုရီးယား အစိုးရကပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry က ကြေညာချက်ထုတ် ရှုတ်ချ ပြောဆိုပါတယ်။ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး Susan Rice ကလည်း အလားတူ ရှုတ်ချ ပြောဆိုပြီး မြောက်ကိုရီးယားတို့ရဲ့ လက်နက် အစီအစဉ်တွေဟာ အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့အရင်းနှီးဆုံး မဟာမိတ်နိုင်ငံ တချို့ရဲ့ လုံခြုံရေးကို စိုးရိမ်စရာ ခြိမ်းခြောက်မှု ဖြစ်တယ်လို့ ပြောဆိုပါတယ်။

တောင်ကိုရီးယား သမ္မတ Park Geun – hye ကတော့ ဒုံးယာဉ် ပစ်လွှတ်မှုဟာ သည်းခံနိုင်စရာ မရှိတဲ့ ရန်စမှုလို့ သုံးနှုန်း ပြောဆိုပါတယ်။ ဂျပန် ပြည်သူတွေ အပြည့်အ၀ လုံခြုံရေး နဲ့ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး အတွက် အရေးယူဆောင်ရွက်မယ်လို့ ဂျပန် ဝန်ကြီးချုပ် Shinzo Abe က ကတိပြုပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးယာဉ် ပစ်လွှတ်မှုက ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်တာလို့ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး Philip Hammod က ပြောဆိုပါတယ်။ ပြင်သစ်နိုင်ငံကတော့ မြောက်ကိုရီးယားရဲ့ တာဝေးပစ်ဒုံးယာဉ် လွှတ်တင်မှုဟာ အဓိပ္ပါယ်မဲ့ ရန်စမှု ဖြစ်ပြီး ကုလ လုံခြုံရေး ကောင်စီမှာ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် တုံ့ပြန်ကြဖို့ ပြော ဆိုပါတယ်။

မြောက်ကိုရီးယား ဒုံးယာဉ် လွှတ်တင်မှုနဲ့ ပတ်သက်ပြီး အမေရိကန် ၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ရဲ့ တောင်းဆိုမှုနဲ့ ဒီကနေ့ တနင်္ဂနွေနေ့မှာ ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီမှာ အစည်းအဝေးခေါ်ဖို့လည်း ရှိနေပါတယ်။ ကုလ အတွင်းရေးမှူးချုပ် Ban Ki – moon ကတော့ မြောက်ကိုရီးယားရဲ့ ဆောင်ရွက်ချက်က လုံး၀ မနှစ်သက်စရာ ဖြစ်ပြီး ကုလ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်မှု ဖြစ်တယ်လို့ ပြောဆိုပါတယ်။ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဌာနကလည်း မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်း အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ဆန့်ကျင်တဲ့ မူဝါဒဟာ နိုင်ငံရဲ့ အကျိုးစီးပွား ဖြစ် မဖြစ် ဆိုတာကို သုံးသပ်ကြဖို့ အရေးတကြီး အကြံပြုပါတယ်လို့ ပြောဆိုလိုက်ပါတယ်။ တရုတ်တို့ကတော့ မြောက်ကိုရီးယာ တို့ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းကို ဆန့်ကျင် အလေးမထားတဲ့ အပေါ်မှာ စိတ်ပျက်ရကြောင်း ဒီကနေ့မှာဘဲ ပြောဆိုသွားပါတယ်။

XS
SM
MD
LG