သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးပျံလွှတ်တင်မှု အစီအစဉ် ဖျက်သိမ်းဖို့ရုရှားတိုက်တွန်း


မြောက်ကိုရီးယား Sohae ဒုံးစခန်းကို ဂြိုလ်တုဓာတ်ပုံများမှ တဆင့် ရိုက်ကူးရရှိတဲ့ဓာတ်ပုံများကို Johns Hopkins တက္ကသိုလ်မှ ပြသစဉ်။
မြောက်ကိုရီးယား Sohae ဒုံးစခန်းကို ဂြိုလ်တုဓာတ်ပုံများမှ တဆင့် ရိုက်ကူးရရှိတဲ့ဓာတ်ပုံများကို Johns Hopkins တက္ကသိုလ်မှ ပြသစဉ်။
မြောက်ကိုရီးယားက ဒီလနှောင်းပိုင်းမှာ ဒုံးပျံလွှတ်တင်မယ့် အစီအစဉ်ကို ဆက်မလုပ်ဖို့ ရုရှားက တိုက်တွန်းကြောင်း ကြေညာချက် တစောင်ကို တနင်္လာနေ့မှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးပျံစမ်းသပ်မှုဆိုင်ရာ ရည်ရွယ်ချက်နဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားချက်တွေထဲကို ရုရှားနိုင်ငံ ပါဝင်လာတာဖြစ်ပါတယ်။ အာကာသလမ်းကြောင်းဆီ လွှတ်တင်မယ့် ဒုံးပျံက ကမ္ဘာမြေကြီးကို လေ့လာ စောင့်ကြည့်မယ့် ဂြိုဟ်တုကို သယ်ဆောင်သွားမှာဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောပေမဲ့ ဒါဟာ တာဝေးပစ်ဒုံးကျည်ဆိုင်ရာ နည်းပညာတွေကို စမ်းသပ်မှုကို ဖုံးကွယ်ဖို့အတွက် ရုပ်ပြအဖြစ်ဆောင်ရွက်မှုဖြစ်တယ်လို့ အတော်လေး သံသယဖြစ်ဖွယ်ရှိကြောင်း ပြောနေကြတာပါ။

မြောက်ကိုရီးယားရဲ့ အဓိက စစ်ရေး မဟာမိတ်လည်းဖြစ်၊ အဓိက အကူအညီပေးနေသူလည်းဖြစ်တဲ့ တရုတ်နိုင်ငံကလည်းပဲ အခုလို မြောက်ကိုရီးယားရဲ့ ဒုံးပျံလွှတ်တင်မှုစတင်မှာကို စိုးရိမ်ကြောင်း တနင်္ဂနွေနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ စနေနေ့ကတော့ မြောက်ကိုရီးယားဘက်က ဒုံးပျံလွှတ်တင်မယ့် အစီအစဉ်ကို ဒီဇင်ဘာလ ၁၀ ရက်နဲ့ ၂၂ ရက်အတွင်းမှာ စတင်ဖို့ ရွှေ့ဆိုင်းလိုက်ကြောင်း စနေနေ့က ကြေညာခဲ့ပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံဘက်က မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံ၊ ဘေဂျင်းမှာ ၂ ရက်ကြာဆွေးနွေးမယ့် အစီအစဉ်ကို ရွှေ့ဆိုင်းထားခဲ့ရာကနေ အခုတော့ ဗုဒ္ဓဟူးနေ့မှာ စတင်ဖို့ ကြေညာလိုက်ပါတယ်။
XS
SM
MD
LG