မြောက်ကိုရီးယားက တာဝေးပစ်ဒုံးပျံ အသုံးပြုပြီး ပစ်လွှတ်လိုက်တဲ့ ဂြိုလ်တုဟာ ကမ္ဘာပတ်လမ်းကြောင်းအတွင်းမှာ ပုံမှန်အနေအထားနဲ့ ရှိနေကြောင်း တောင်ကိုရီးယားက ပြောပါတယ်။ ဒါပေမယ့် အဲဒီဂြိုလ်တုရဲ့ အစိတ်အပိုင်းတွေ ပုံမှန် အလုပ်လုပ်နေခြင်းရှိမရှိ ဆိုတာကိုတော့ လေ့လာနေဆဲဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီဂြိုလ်တုက ဘာတွေလုပ်နေတယ်ဆိုတာကိုတော့ မသိရသေးကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကင်မ် မင်ဆုတ် က ကြာသာပတေးနေ့မှာ ပြောဆိုပါတယ်။ ဒါပေမဲ့ တားမြစ်ထားတဲ့ တာဝေးပစ်ဒုံးကြည် စမ်းသပ် ပစ်လွှတ်မှု အပေါ် ပြစ်တင်ရှုံ့ချလိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံက ဂြိုလ်တု လွှတ်တင်တာပါလို့ ပြောဆိုပေမယ့် တောင်ကိုရီးယားအနေနဲ့ တာဝေးပစ်ဒုံးပျံကို စမ်းသပ်ပစ်လွှတ်တယ်လို့ သတ်မှတ်ထားကြောင်း သူကပြောပါတယ်။
မြောက်ကိုရီးယား အစိုးရကတော့ အဲဒီဂြိုလ်တုဟာ အာကာသထဲမှာ မိုးလေဝသ လေ့လာတိုင်းထွာဖို့ လွှတ်တင်တာဖြစ်တယ်လို့ ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ အခုလို တာဝေးပစ်ဒုံးပျံ ပစ်လွှတ်မှုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပစ်တင်ဝေဖန် လိုက်ပါတယ်။ ဒါဟာ ကုလသမဂ္ဂက တားဆီးပိတ်ပင်ထားချက်ကို ချိုးဖေါက်လိုက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ အခုလို လုပ်ဆောင်မှုအတွက် အကျိုးဆက်တွေ ကြုံရလိမ့်မယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆူဇန်ရိုက်စ် က ပြောပါတယ်။