သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နောက်တယောက် မြောက်ကိုရီးယား ထောင်ချ


မြောက်ကိုရီးယားမှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၆ နှစ် စီရင်ခံရသူ အမေရိကန်နိုင်ငံသား Matthew Miller
မြောက်ကိုရီးယားမှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၆ နှစ် စီရင်ခံရသူ အမေရိကန်နိုင်ငံသား Matthew Miller

မြောက်ကိုရီးယားကဖမ်းထားတဲ့ အမေရိကန်နိုင်ငံသား Matthew Miller ကို မြောက်ကိုရီးယားနိုင်ငံအပေါ် ရန်လိုတဲ့ လုပ်ရပ်တွေ လုပ်တယ်လို့စွပ်စွဲပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ခြောက်နှစ် ချမှတ်လိုက်ပါတယ်။

အသက် ၂၀ အရွယ် Miller ဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက မြောက်ကိုရီးယား လူဝင်မှုကြီးကြပ်ရေးရှေ့မှာ သူ့ရဲ့ပြည်ဝင်ခွင့်ဗီဇာကို ဆုတ်ဖြဲပစ်ပြီး နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့တာပါ။ ဒီကနေ့မနက်ပိုင်း အကျဉ်းရုံးတရားခွင်မှာ Miller အနေနဲ့ အယူခံပိုင်ခွင့် အလားအလာကိုလည်း ပယ်ချခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံထဲ ကမ္ဘာလှည့်ခရီးသည်တဦးအနေနဲ့ ဝင်ရောက်ပြီး သမ္မကျမ်းစာအုပ် ချန်ထားခဲ့မှုနဲ့ မေလတုန်းက အဖမ်းခံ ထားရတဲ့ နောက်ထပ် အမေရိကန်နိုင်ငံသားတဦးဖြစ်သူ Jeffrey Fowle ကိုလည်း မကြာခင်မှာ တရားရုံးတင်မယ်လို့ ခန့်မှန်းထားပါတယ်။

တတိယမြောက် အမေရိကန်နိုင်ငံသားတဦးသူ ကိုရီးယားနွယ်ဖွား Kenneth Bae ကိုတော့ မြောက်ကိုရီးယားအစိုးရကို ဖြုတ်ချဖို့ ရည်ရွယ်ချက်နဲ့ ရန်လိုတဲ့လုပ်ရပ်တွေ လုပ်ခဲ့တယ်လို့ စွဲချက်တင်ပြီး ထောင်ဒဏ် ၁၅ နှစ် ချမှတ်ထားပါတယ်။

XS
SM
MD
LG