သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား စစ်ရေးအင်အားပြ


ခေါင်းဆောင်ကင်ဂျုံအန်းရဲ့ အမေရိကန်ကို ခြိမ်းခြောက်မှုကို ထောက်ခံကြောင်း ပြဖို့ လူစုခဲ့ကြသော မြောက်ကိုရီးယားပြည်သူများ။ (၀၃၊၂၉၊၁၃)
ခေါင်းဆောင်ကင်ဂျုံအန်းရဲ့ အမေရိကန်ကို ခြိမ်းခြောက်မှုကို ထောက်ခံကြောင်း ပြဖို့ လူစုခဲ့ကြသော မြောက်ကိုရီးယားပြည်သူများ။ (၀၃၊၂၉၊၁၃)
မြောက်ကိုရီးယားက အမေရိကန်နိုင်ငံကို စစ်ရေးအရ တိုက်ခိုက်နိုင်တယ် ဆိုတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ခြိမ်းခြောက်လိုက်တဲ့ အပေါ်မှာ ထောက်ခံတဲ့အနေနဲ့ မြောက်ကိုရီးယားနိုင်ငံသား သောင်းနဲ့ချီပြီးတော့ စုရုံးခဲ့ကြပါတယ်။

မြောက်ကိုရီးယားစစ်သားတွေ၊ အလုပ်သမားတွေ နဲ့ ကျောင်းသားတွေဟာ ပြုံယမ်းမြို့က ကင်အီဆွန်း ရင်ပြင်မှာ စုရုံးချီတက်ခဲ့ကြတာပါ။ ဒါပေမဲ့ အဲဒီလို စုရုံးချီတက်ခဲ့တဲ့နေရာ မှာ မြောက်ကိုရီး ယားခေါင်းဆောင် ကင်ဂျုံအန်းတော့ ရှိမနေခဲ့ပါဘူး။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက အမေရိကန် ပင်မကုန်းမြေနဲ့ တောင်ကိုရီးယား ၊ ဂွမ်နဲ့ ဟာဝါရီမှာရှိတဲ့ အမေရိကန်စစ်စခန်းတွေကို ဒုံးကျည်နဲ့ တိုက်ခိုက်ဖို့အတွက် ပြင်ဆင်ထားဖို့ အမိန့်ပေးပြီးတဲ့နောက် အခုလို လူထုစုဝေးပွဲဖြစ်ခဲ့တာပါ။

မြောက်ကိုရီးယားရဲ့ ထိပ်တန်းခေါင်းဆောင်တွေနဲ့ အရေးပေါ်အစည်းအဝေးပြုလုပ်ပြီးတဲ့နောက် ဒုံးကျည်တွေကို အသင့်ပြင်ထားဖို့ မြောက်ကိုရီးယားခေါင်းဆောင်က သောကြာနေ့မှာ အမိန့်ပေး ခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရရဲ့ ဗဟိုသတင်းအေဂျင်စီက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်တဲ့နေရာတွေမှာ မြောက်ကိုရီးယား စစ်သားတွေ နဲ့ စစ်ကားတွေ တိုးမြှင့်ချလာတာကို ထောက်လှန်းတွေ့ရှိရတယ်လို့ တောင်ကိုရီးယားစစ်ဘက်နဲ့ နီးစပ်သူတွေက ဗွီအိုအေကို ပြောပါတယ်။
XS
SM
MD
LG