သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားသံတမန်တွေ ထွက်ခွာဖို့ မြောက်ကိုရီးယား အကြံပြု


တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကြားက ခရီးလမ်းကြောင်း ကြည့်နေကြသော တရုတ်ကမ္ဘာလှည့် ခရီးသည်များ။
တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကြားက ခရီးလမ်းကြောင်း ကြည့်နေကြသော တရုတ်ကမ္ဘာလှည့် ခရီးသည်များ။
ကိုရီးယားကျွန်းဆွယ်ကအခြေအနေ တင်းမာမှုတွေ တဖြည်းဖြည်း ပိုဆိုးလာနေ တာကြောင့် မြောက်ကိုရီးယားနိုင်ငံမှာရှိတဲ့ ရုရှားသံရုံး ဝန်ထမ်းတွေကို ပြန် လည်ခေါ်ယူဖို့ စဉ်းစားသင့်တယ်လို့ မြောက်ကိုရီးယားက သူတို့ကို အသိပေးလာကြောင်း ပြုံယမ်းမှာရှိတဲ့ ရုရှားသံရုံးက ပြောပါတယ်။

အခုလို ပြောလာတဲ့အပေါ် ရုရှားဘက်က သုံးသပ်မှုတွေ လုပ်နေပေမယ့် ချက်ချင်းထွက်ခွာသွားဖို့တော့ အစီအစဉ်မရှိဘူးလို့ ရုရှားသံရုံးအရာရှိ တဦးဖြစ်သူ Denis Samsonov က သောကြာနေ့မှာ ပြောပါတယ်။ ပြုံယမ်းမြို့က အခြေအနေတွေဟာ တည်ငြိမ်မှုရှိနေပါတယ်လို့ သူက ပြောပါတယ်။
ပြုံယမ်းမြို့မှာရှိတဲ့ တခြား နိုင်ငံခြားသံရုံးတွေလည်း အလားတူ အကြောင်းကြား ချက်တွေ ရရှိထားတယ်လို့ Samsonov က ပြောပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်အတွင်း နျူကလီယားလက်နက်နဲ့ တိုက်ခိုက် မယ်လို့ ပြောဆိုတာအပါအဝင် မြောက်ကိုရီးယားက
အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေကို ခြိမ်းခြောက်မှုတွေ ဆက်တိုက် ပြုလုပ်နေခဲ့တာပါ။

ဒီအတောအတွင်း တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံအကြား လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ အန္တရာယ်ဖြစ်နိုင်တဲ့ အနေအထား ကို ရောက်လာခဲ့ရင် ၂ နိုင်ငံ ပူးတွဲ လုပ်ဆောင်နေတဲ့ စက်မှုဇုန်မှာရှိတဲ့ အလုပ် သမားတွေကို ပြန်ခေါ်ထုတ်မယ် လို့ တောင်ကိုရီးယားဝန်ကြီး က ပြောပါတယ်။

လက်ရှိအနေအထားအရ တောင်ကိုရီးယားအလုပ်သမားတွေအတွက် အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေမရှိသေးတာကြောင့် Kaesong စက်မှုဇုန်ကနေ ချက်ချင်း ပြန်ခေါ်ထုတ်ဖို့ အစီအစဉ် မရှိသေးဘူးလို့ ကိုရီးယားနှစ်နိုင်ငံ ပြန် လည်ပေါင်းစည်းရေးဝန်ကြီး Ryoo Kihl-jae က သောကြာနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

ကေးဆွန်းစက်မှုဇုန်ဟာ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုရဲ့ နောက်ဆုံး ပြယုဒ်လည်း ဖြစ်ပါတယ်။
XS
SM
MD
LG