သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလဆုံးဖြတ်ချက် ထောက်ခံတဲ့နိုင်ငံတွေ မြောက်ကိုရီးယား ခြိမ်းခြောက်


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း (လယ်)
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း (လယ်)

မြောက်ကိုရီးယားနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ရှုတ်ချတဲ့ ကုလသမဂ္ဂရဲ့တလောကဆုံးဖြတ်ချက်ကို ထောက်ခံကြတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ တခြားနိုင်ငံတွေ ဆိုးရွားတဲ့အကျိုးဆက်တွေနဲ့ ကြုံရမယ်လို့ မြောက်ကိုရီးယားက ပြင်းထန်တဲ့စကားလုံးတွေနဲ့ ကြေညာချက်တခု ထုတ်ပြန်လိုက်ပါတယ်။

ဒီလို လက်တုံ့ပြန်ဖို့ ခြိမ်းခြောက်တာဟာ မကြာခင်မှာပဲ nuclear စမ်းသပ်မှုတခုလုပ်ဖို့ရှိတယ်ဆိုတာ အချက်ပေးလိုက်သလို ဖြစ်ပါတယ်။ မြောက်ကိုရီးယား အမျိုးသား ကာကွယ်ရေးကော်မရှင်က ရှားရှားပါးပါးထုတ်ပြန်သွားတဲ့ ဒီကြေညာချက်မှာ တောင်ကိုရီးယားလို အမေရိကန်ရဲ့ မဟာမိတ်တွေဟာ အဆင့်အတန်းမရှိတဲ့ သူတွေလို့ ပြောထားပါတယ်။ ထွက်ပြေးသွားတဲ့ မြောက်ကိုရီးယားတွေကလည်း လူ့တန်ဖိုးမရှိသူတွေလို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ သူ့နောက်လိုက် တောင်ကိုရီးယားနဲ့ ဂျပန်တို့ဟာ အပြင်းထန်ဆုံး အပြစ်ဒဏ်ကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူးလို့လည်း မြောက်ကိုရီးယားက ပြောပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် မြောက်ကိုရီးယားအစိုးရကို ICC နိုင်ငံတကာ ပြစ်မှုတရားရုံးမှာ တင်ဖို့ လုံံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ဖို့ တိုက်တွန်းခဲ့တာကို မြောက်ကိုရီးယားက လက်တုံ့ပြန်ပြီး အခုလို ခြိမ်းခြောက်တာပါ။

မြောက်ကိုရီးယားနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတသိန်းကျော်ကို ဖမ်းဆီးထားပြီး သတ်ဖြတ်၊ နှိပ်စက်၊ အဓမ္မကျင့်၊ ဒါတွေအပြင် ကိုယ်ဝန် အဓမ္မဖျက်ချ ခိုင်းတာတွေ လုပ်တယ်ဆိုပြီး စွပ်စွဲခံထားရတာပါ။ မြောက်ကိုရီးယားအစိုးရရဲ့ ကြေညာချက်မှာတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဝေဖန်တာတွေကို ငြင်းဆိုထားပါတယ်။

XS
SM
MD
LG