သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား တာဝေးပစ်ဒုံးလက်နက် အမေရိကန်ထိရောက်နိုင်


တောင်ကိုရီးယားနိုင်ငံက သူ့ရဲ့ပဲ့ထိန်းတပ် ဒုံးကျည်တွေ ပျံသန်းရောက်ရှိနိုင်တဲ့ အကွာအဝေးကို ထပ်ပြီးတော့ တိုးမြှင့်ဖို့ ခွင့်ပြုကြောင်း တောင်ကိုရီးယားနဲ့ အမေရိကန်အစိုးရတို့ သဘောတူ လက်မှတ်ထိုးလိုက်ပြီးတဲ့နောက် နှစ်ရက်အကြာမှာပဲ မြောက်ကိုရီးယားက သူတို့ရဲ့ ဒုံးကျည်တွေဟာ အမေရိကတိုက်ကို ရောက်အောင် ပစ်ခတ်နိုင်တယ်လို့ သတိပေးသွားပါတယ်။

မြောက်ကိုရီးယား အစိုးရဆီမှာက အမေရိကတိုက် ကုန်းမြေတင်မကဘဲနဲ့ အမေရိကန် စစ်အခြေစိုက် စခန်းတွေရှိတဲ့ တောင်ကိုရီးယား၊ ဂျပန်နဲ့ ဂွမ် ကျွန်းတွေဆီကို ရောက်အောင်ပစ်နိုင်တဲ့ ဗျူဟာကျ ဒုံးကျည်တွေ ရှိတယ်လို့ မြောက်ကိုရီးယား အမျိုးသားကာကွယ်ရေးကော်မရှင်ရဲ့ ပြောရေး ဆိုခွင့်ရှိသူက မြောက်ကိုရီးယားအစိုးရသတင်းဌာနမှာ ဒီကနေ့ပဲ ပြောသွားတာဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ ဒီလို တိုက်ချင်းပစ် ပဲ့ထိန်းတပ် ဒုံးကျည်တွေ ထုတ်လုပ်နိုင်ဖို့ လုပ်ဆောင်နေတယ် လို့ ယုံကြည်ထားရပေမဲ့လည်း သူတို့ အဲဒီလက်နက်တွေကို အောင်အောင်မြင်မြင်နဲ့ မစမ်းသပ်နိုင်သေး ပါဘူး။ သူတို့ဆီက ဒုံးကျည်တွေဟာ တောင်ကိုရီးယားနဲ့ တခြား အနီးအနားက နိုင်ငံတွေဆီ ကို ရောက်အောင် ပစ်နိုင်ပေမဲ့လည်း အမေရိကတိုက်အထိတော့ မရောက်နိုင်ဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်အစိုးရကြား သဘောတူညီချက် ရခဲ့တာကို မြောက်ကိုရီးယားက ပထမဆုံးအကြိမ် လူသိရှင်ကြား တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
XS
SM
MD
LG