သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်မှု ပို့လုပ်မည်


မကြာသေးခင်က ပဲ့ထိန်းတပ် ဒုံးကျည် ပစ်လွှတ် စမ်းသပ်မှုကို စောင့်ကြည့်ပြီး တဲ့နောက်မှာ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un က သူ့နိုင်ငံရဲ့ နျူကလီယား တိုက်ခိုက်နိုင်စွမ်းကို တိုးတက်အောင် လုပ်ရမယ်လို့ အမိန့်ပေးလိုက်ကြောင်း နိုင်ငံပိုင်သတင်းမှာ ဖေါ်ပြထားပါတယ်။

နျူကလီယားထိပ်ဖူးတပ် ဒုံးကျည်အသစ်ရဲ့ ဖျက်ဆီးနိုင်စွမ်းအားကို ခန့်မှန်းနိုင်ဖို့ နျူကလီယား ဖေါက်ခွဲစမ်းသပ်မှုတွေ ခုထက် ပိုလုပ်ဆောင်ဖို့နဲ့ နျူကလီယား တိုက်ခိုက်မှု စွမ်းရည် မြှင့်တင်နိုင်ဖို့ တခြားစမ်းသပ်မှုတွေ လုပ်ဆောင်ချင်ကြောင်း Kim Jong Un ရဲ့ ပြောကြားချက်ကို ကိုးကားပြီး မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းက ဖေါ်ပြပါတယ်။

ကင်က သူ့ရန်သူတွေရဲ့ မြောက်ကိုရီးယား အပေါ် အထင်သေးမှုနဲ့ ပရမ်းပတာ လုပ်မှုတွေအတွက် နောင်တရအောင် မြောက်ကိုရီးယားက လုပ်မှာဖြစ်ကြောင်း ကြေညာခဲ့တယ်လို့လည်း ဖေါ်ပြထားပါတယ်။

ကြာသပတေးနေ့က မြောက်ကိုရီးယားက တာဝေးပစ် ပဲ့ထိမ်းတပ်ဒုံးကျည် ၂ ခုကို ပစ်လွှတ်ခဲ့ပြီး ဒီဒုံးကျည်တွေဟာ နိုင်ငံ့အရှေ့ဘက်ကမ်းလွန် ဒေသက ကီလိုမီတာ ၅၀၀ လောက်အကွာ ရေပြင်ထဲကို ကျရောက်ခဲ့တာပါ။

အခုလို ဒုံးကျည် စမ်းသပ်မှုဟာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို တုန့်ပြန်တာ ဖြစ်နိုင်ပါတယ်။ မြောက်ကိုရီးယားကတော့ ဒီလေ့ကျင့်မှုဟာ သူတို့ နိုင်ငံကို ကျူးကျော်ဖို့ပြင်ဆင်တာလို့ သတ်မှတ်ပါတယ်။

XS
SM
MD
LG