သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှအမေရိကန် စစ်စခန်းတွေကို မြောက်ကိုရီးယား ခြိမ်းခြောက်


မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un
မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un
တောင်ကိုရီးယားနိုင်ငံနဲ့ ပူးတွဲ ကျင်းပတဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန်တို့က B-52 ဗုံးကျဲလေယာဉ်တွေပါ အသုံးပြုခဲ့တာကို လက်တုန့်ပြန်တဲ့အနေနဲ့ ဂွမ်ကျွန်းနဲ့ ဂျပန်နိုင်ငံတွေမှာ ရှိတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်မှု ပြုလုပ်နိုင်တယ်လို့ မြောက်ကိုရီးယားက သတိပေး ပြောကြားလိုက်ပါတယ်။

ဂွမ်ကျွန်းမှာ ရှိတဲ့ အမေရိကန်ရေတပ် အခြေစိုက်စခန်း အပါအဝင် ဂျပန်နိုင်ငံက အဓိက ကျွန်းကြီးနဲ့ အိုကီနာဝါကျွန်းတွေကို မြောက်ကိုရီးယားမှာရှိတဲ့ ပစ်မှတ်ကို တိကျမှန်ကန်အောင် ပစ်နိုင်တဲ့ လက်နက်တွေနဲ့ ပစ်ခတ်နိုင်တယ်လို့ မြောက်ကိုရီးယားစစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ်က ကြာသပတေးနေ့မှာ ပြောပါတယ်။

မြောက်ကိုရီးယားက နောက်ဆုံးပြုလုပ်ခဲ့တဲ့ နြူကလီးယား စမ်းသပ်ဖောက်ခွဲမှုတွေအပေါ် ကုလသမဂ္ဂက ပိတ်ဆို့ အရေးယူမှုအသစ်တွေ ထပ်မံ ပြုလုပ်ပြီးနောက်ပိုင်း မြောက်ကိုရီးယားက အမေရိကန်နိုင်ငံကို နေ့စဉ်နီးပါး ခြိမ်းချောက်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

ကြာသပတေးနေ့မှာပဲ မြောက်ကိုရီးယားက သူ့ရဲ့ တပ်တွေကို အရေးပေါ်အခြေအနေကြေညာထားပြီး လေကြောင်း တိုက်ခိုက်မှုအန္တရာယ် ကြိုတင် သတိပေးချက်တွေလည်း ထုတ်ပြန်ထားပါတယ်။

မြောက်ကိုရီးယားရဲ့ အဲဒီလို လုပ်ဆောင်ချက်တွေဟာ ကာကွယ်ရေး ဆိုင်ရာ လေ့ကျင့်မှုအဖြစ်နဲ့ ပြုလုပ်တာ ဖြစ်နိုင်တယ်လို့ တောင်ကိုရီးယား အရာရှိတွေက ပြောပါတယ်။
XS
SM
MD
LG