သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား-ကန် စစ်လေ့ကျင့်မှု ကင်ဂျုံုအမ် စောင့်ကြည့်


မြောက်ကိုရီးယားခေါင်းဆောင် က တောင်ကိုရီးယားနဲ့ ကန် စစ်ရေးလေ့ကျင့်မှုကို ကြည့်ရှု့နေစဉ်။ (မတ် ၁၄၊ ၂၀၁၃)
မြောက်ကိုရီးယားခေါင်းဆောင် က တောင်ကိုရီးယားနဲ့ ကန် စစ်ရေးလေ့ကျင့်မှုကို ကြည့်ရှု့နေစဉ်။ (မတ် ၁၄၊ ၂၀၁၃)
တောင်နဲ့မြောက်ကီုရီးယားနှစ်နိုင်ငံကြား တင်းမာနေတဲ့ ပင်လယ်ပြင်မှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ကျုံအမ်းက စောင့်ကြည့်နေခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ဆိုပါတယ်။ ပင်လယ်ဝထဲက ကျွန်းတကျွန်းပေါ်မှာ ရန်သူလို့သတ်မှတ်ထားတဲ့ ပစ်မှတ်တွေဆီကို အမြှောက်တွေနဲ့ပစ်ခတ်နေတာကို မစ္စတာကင်မ်က ကြည့်ရှု့ခဲ့တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ကုလသမဂ္ဂက မြောက်ကိုရီးယားအပေါ်မှာ ဒဏ်ခတ်အရေးယူမှုတွေကို တိုးမြှင့်ချမှတ်ပြီးတဲ့နောက်၊ မြောက်ကိုရီးယားဟာ အမေရိကန်ပြည်ထောင်စု ကို နျူကလီးယားစစ်ပွဲ ဆင်နွှဲမယ်ဆိုတဲ့ ကိစ္စအပါအဝင် တောင်ကိုရီးယားနိုင်ငံကိုလည်း နည်းမျိုးစုံနဲ့ ခြိမ်းခြောက်နေခဲ့တာပါ။

သူတို့ဟာ အမေရိကန်ပြည်ထောင်စုကို နျူကလီးယားလက်နက်နဲ့ တိုက်ခိုက်နိုင်လိမ့်မယ်လို့ ယူဆနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါပေမဲ့ တောင် ကိုရီးယားနိုင်ငံနဲ့အငြင်းပွားနေတဲ့ နယ်စပ်ဒေသ တဝိုက်မှာတော့ တိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်လို့ စိုးရိမ်စရာတွေဖြစ်ပေါ်နေပါတယ်။ ကိုရီးယားစစ်ပွဲ အပြီး ၁၉၅၃ခုနှစ်က ပြုလုပ်ခဲ့တဲ့ စစ်ပြေငြိမ်းရေးစာချုပ်ကို မြောက်ကိုရီးယားဘက်က အသိအမှတ်မပြုတော့ဘူးလို့လည်း ပြောထားတာဖြစ်ပါတယ်။
XS
SM
MD
LG