သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နော်ဝေအစိုးရ မြန်မာ့ လျှပ်စစ်ရရှိရေး ဒေါ်လာ ရှစ်သိန်းခွဲ ထောက်ပံ့


နော်ဝေဝန်ကြီးချုပ် Jens Stoltenberg နဲ့ မြန်မာသမ္မတဦးသိန်းစိန် နေပြည်တော်တွင် တွေ့ဆုံစဉ်။
နော်ဝေဝန်ကြီးချုပ် Jens Stoltenberg နဲ့ မြန်မာသမ္မတဦးသိန်းစိန် နေပြည်တော်တွင် တွေ့ဆုံစဉ်။
မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာ ဥပဒေကို နိုင်ငံတကာ စံချိန်စံညွန်းနဲ့ ကိုက်ညီအောင် မြှင့်တင်ပေးရေး အတွက် မြန်မာနိုင်ငံကို နော်ဝေနိုင်ငံက အမေရိကန်ဒေါ်လာ ၈သိန်းခွဲ အကူအညီပေးဖို့ ကတိပြု လိုက်တဲ့အကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ADB က ပြောပါတယ်။ လူတိုင်းစွမ်းအင် အသုံးချခွင့် ရရှိရေး ဆိုတာဟာ နော်ဝေနိုင်ငံရဲ့ အဓိက ဦးစားပေး ကိစ္စဖြစ်တယ် လို့ မြန်မာနိုင်ငံကို ရောက်နေတဲ့ နော်ဝေနိုင်ငံခြားရေးဝန်ကြီး Espin Barth Eide က တနင်္လာနေ့မှာ ပြောလိုက်တာပါ။

ခေတ်မှီစွမ်းအင်တွေ မရဘူးဆိုရင် ဘယ်လိုမှ ဖွံ့ဖြိုးတိုးတက်မှုတွေ မရှိနိုင်ဘူးလို့လည်း သူက ပြောပါတယ်။ အခုလို ကူညီမယ့်အထောက်အပံ့ကို မြန်မာနိုင်ငံရဲ့ လက်ရှိ စွမ်းအင်ဆိုင်ရာ ဥပဒေကို ပြန်လည် သုံးသပ်ပြီး လျော်ကန် သင့်မြတ်တဲ့ မူဝါဒတွေ ချမှတ်နိုင်ဖို့အတွက် အသုံးပြုမှာဖြစ်တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်ကပြောပါတယ်။
ဒီလိုအကောင်အထည်ဖေါ်မှုကို ၁၈ လကြာ အချိန်ယူလိမ့်မယ်လို့ မျှော်မှန်းထားပြီး လာမယ့် ၂၀၁၄ ခုနှစ် ဇွန်လမှာ အပြီးသတ်နိုင်လိမ့်မယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ပြောပါတယ်။

အလားတူ မကြာသေးခင်က နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့တဲ့ EU ဥရောပသမဂ္ဂအဖွဲ့ရဲ့ ကော်မရှင်နာ မင်းကြီး José Manuel Barroso ကလည်း မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၀၀ ကျော် အထောက်ကူပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဆယ်စုနှစ်နဲ့ ချီပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် အခုတော့ ခေါင်းဆောင်တွေဟာ ကုန်သွယ်ရေး တိုးမြင့် ဆောင်ရွက်ဖို့ အရေးကို ဆွေးနွေးခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG