သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား တောင်အာဖရိကနိုင်ငံ ဆိုက်ရောက်


သမ္မတအိုဘားမားနဲ့ဇနီးတို့ တောင်အာဖရိကနိုင်ငံ၊ လေတပ်အခြေစိုက်စခန်းလေယာဉ်ကွင်းသို့ ရောက်လာစဉ်။ (ဂျွန် ၂၈၊ ၂၀၁၃။)
သမ္မတအိုဘားမားနဲ့ဇနီးတို့ တောင်အာဖရိကနိုင်ငံ၊ လေတပ်အခြေစိုက်စခန်းလေယာဉ်ကွင်းသို့ ရောက်လာစဉ်။ (ဂျွန် ၂၈၊ ၂၀၁၃။)
အမေရိကန်ကုန်သွယ်ရေး တိုးမြှင့်နိုင်ဖို့အတွက် အာဖရိက သုံးနိုင်ငံခရီးထွက်နေတဲ့ အမေရိကန်သမ္မတ ဘာရက်အိုဘားမားဟာ အခု တောင်အာဖရိကနိုင်ငံကို ရောက်ရှိနေပါတယ်။ သမ္မတ အိုဘားမားနဲ့ သမ္မတကတော် မစ်ရှဲလ်တို့ကို တောင်အာဖရိကသမ္မတ Jacob Zuma က ဒီကနေ့ ပရီတိုးရီးယားမြို့မှာ တရားဝင် ကြိုဆိုပွဲအခမ်းအနား ပြုလုပ်မှာဖြစ်ပါတယ်။

အဲဒီနောက် သမ္မတနှစ်ဦးအကြား နှစ်နိုင်ငံ ဆွေးနွေးမှုတွေ လုပ်သွားမှာဖြစ်ပြီး ညနေပိုင်းမှာတော့ သမ္မတဇူးမားက နိုင်ငံတော်ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံမှာဖြစ်ပါတယ်။ ဒီနေ့မှာပဲ မစ္စတာ အိုဘားမားဟာ အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေး ဆန္ဒပြမှုတွေအတွင်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့တဲ့ Johannesburg မြို့က Soweto အရပ်မှာလည်း လူထုနဲ့ တွေ့ဆုံပွဲတရပ် လုပ်သွားဖို့လည်း ရှိပါတယ်။

သောကြာနေ့ညနေပိုင်း တောင်အာဖရိကနိုင်ငံကို ရောက်မလာခင်မှာတော့ ဆေးရုံမှာ စိုးရိမ်ရတဲ့အခြေအနေနဲ့ ဆက်ရှိနေတဲ့ အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေး ခေါင်းဆောင် Nelson Mandela ကို မစ္စတာ အိုဘားမား သွားရောက်ကြည့်ရှုနိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်တွေ နည်းသွားခဲ့ပါတယ်။ မစ္စတာမန်ဒဲလား ကျန်းမာရေးနဲ့ ပတ်သက်လို့ မိသားစုတွေ စိုးရိမ်နေရတဲ့ ခုလိုအချိန်မှာ သူ့ကို အနှောက်အယှက် မပေးချင်ဘူးလို့ ဆိုပြီး ဓာတ်ပုံအရိုက်ခံဖို့တော့ သူ မသွားချင်ဘူးလို့ သမ္မတ အိုဘားမားက ပြောခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG