သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမားနဲ့ပူတင် ကုလညီလာခံမှာ ထိပ်တိုက်တွေ့


ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်လာကြတဲ့ အမေရိကန်သမ္မတ အိုဘားမားနဲ့ ရုရှားသမ္မတ ပူတင် (စက်တင်ဘာ ၂၈၊ ၂၀၁၅)
ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်လာကြတဲ့ အမေရိကန်သမ္မတ အိုဘားမားနဲ့ ရုရှားသမ္မတ ပူတင် (စက်တင်ဘာ ၂၈၊ ၂၀၁၅)

အမေရိကန်သမ္မတ Barack Obama နဲ့ ရုရှားသမ္မတ ဗလာတီမီယာပူတင်တို့နှစ်ဦး ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောကြားတဲ့မိန့်ခွန်းအတွင်း သိသာတဲ့ သဘောထားကွဲပြားမှုတွေ ဖြစ်ပေါ်နေပါတယ်။

ဆီးရီးယားနိုင်ငံအတွင်း သွေးထွက်သံယိုမှုတွေ ကြီးမားစွာ ဖြစ်ပေါ်အပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ပေါ်နေတဲ့အတွက် စစ်မဖြစ်ခင်ကာလ တုန်းက အခြေအနေကို ပြန်ရောက်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ခေါင်းဆောင်နှစ်ဦး မျက်နှာချင်းဆိုင် မတွေ့ဆုံခင် ကုလသမဂ္ဂ အထွေထွေညီလာခံကို ပြောကြားတဲ့မိန့်ခွန်းအတွင်း သမ္မတအိုဘားမားက ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဆီးရီးယားသမ္မတ ဘတ်ရှားအယ်လ်အာဆတ်ကို ရာထူးကဖယ်ရှားပစ်မယ့်၊ ထိန်းချုပ်ပြုလုပ်တဲ့အသွင်ကူးပြောင်းမှုလုပ်ဆောင်ဖို့ သမ္မတ အိုဘားမားက တောင်းဆိုလိုက်ပါတယ်။

ဒါပေမယ့် ကုလသမဂ္ဂအထွေထွေညီလာခံကို ဆယ်စုနှစ်အတွင်းမှာ ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားတဲ့ သမ္မတပူတင်ကတော့ ဆီးရီးယားခေါင်းဆောင် ရာထူးကပြုတ်ကျရေးအတွက် တိုက်ပွဲဝင်နေတဲ့ IS အစ္စလာမ်မစ်စစ်သွေးကြွတွေကို တိုက်ခိုက်နိုင်ရေးအတွက် သမ္မတအာဆတ်အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ခြင်းမရှိရင် ကြီးမားတဲ့မှားယွင်းမှုဖြစ်လိမ့်မယ်လို့ သတိပေး ပြောကြားပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက ဟစ်တလာပြုတ်ကျရေးအတွက် နိုင်ငံတကာက ပူးပေါင်းတိုက်ခိုက်ခဲ့သလိုမျိုး ကျယ်ပြန့်တဲ့နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းပြီး IS စစ်သွေးကြွတွေကို တိုက်ခိုက်ကြဖို့ သမ္မတပူတင်က တောင်းဆိုလိုက်ပါတယ်။

XS
SM
MD
LG