သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား မြန်မာပြည်ခရီး ဒေသတွင်းအကျိုးဖြစ်ဖို့ တရုတ်မျှော်လင့်

သမ္မတ အိုဘားမားနှင့် အာဆီယံခေါင်းဆောင်များ။ (ဝဲမှယာ- စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်း၊ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်၊ ဗီယက်နမ်ဝန်ကြီးချုပ် ငွင်း တန် ဒွန်းဂ်၊ သမ္မတ အိုဘားမား၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၊ ဘရူနိုင်း စော်ဘွား ဟက်ဆာနာလ် ဘိုလ်ကီယာ၊ အင်ဒိုနီးရှား သမ္မတ ဆူဆီလို ဘမ်ဘန်း ယူဒိုယိုနို၊ လာအို ဝန်ကြီးချုပ် သောင်ဆင်းဂ် သမ်မာဗွန်) နိုဝင်ဘာ ၁၉၊ ၂၀၁၂။

အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ အရှေ့အာရှဒေသမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေကို အားပေးလိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်း မြန်မာ့အိမ်နီးချင်း အာရှအင်အားကြီး တရုတ်နိုင်ငံက တနင်္လာနေ့မှာပဲ တုန့်ပြန် ပြောဆိုခဲ့ပါတယ်။

ဒီခရီးစဉ်ဟာ အမေရိကန်နဲ့ မြန်မာနိုင်ငံအကြား နှစ်နိုင်ငံအရေးကိစ္စဖြစ်ပေမဲ့ ဒီသမိုင်းဝင် အဖြစ် အပျက်က ဒေသတခုလုံးကို အကျိုးဖြစ်ထွန်းစေမယ်လို့ တရုတ်နိုင်ငံက မျှော်လင့်တဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Hua Chunying က ပြောပါတယ်။

အမေရိကန်က မြန်မာနိုင်ငံနဲ့ ထိတွေ့ ဆက်ဆံလာတာကြောင့် မြန်မာနဲ့ တရုတ်နိုင်ငံရဲ့ ဆက်ဆံ ရေးကို ထိခိုက်နိုင်မလားဆိုတာ တရုတ်က စိုးရိမ်ခဲ့တယ်လို့ လေ့လာသူတွေက ပြောဖူးပါတယ်။

ဒါပေမဲ့လည်း ပြောခွင့်ရသူ Hua ကတော့ တရုတ်နဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေးပေါ် တရုတ် နိုင်ငံအနေနဲ့ အပြည့်အ၀ ယုံကြည်စိတ်ချတယ်လို့ ပြောခဲ့ပါတယ်။
XS
SM
MD
LG