သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားနဲ့ မြန်မာ စစ်ရေးမဆက်ဆံဖို့ အိုဘားမားပြောမည်


အမေရိကန် သမ္မတ ဘရက်အိုဘားမား။ (နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၁၂)။
အမေရိကန် သမ္မတ ဘရက်အိုဘားမား။ (နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၁၂)။
မြန်မာနိုင်ငံအနေနဲ့ မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ဆက်ဆံနေတာ ဖြတ်တောက်ပစ်ဖို့ တနင်္လာနေ့ မြန်မာနိုင်ငံကို ရောက်လာတဲ့အခါ အမေရိကန်သမ္မတ ဘရက်အိုဘားမား က မြန်မာခေါင်းဆောင်တွေကို တိုက်တွန်းသွားဖို့ ရှိတယ်လို့ အိမ်ဖြူတော် အရာရှိတွေ ပြောတဲ့ အကြောင်း စနေနေ့က ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ မြောက်ကိုရီးယားနဲ့ ထိတွေ့ ဆက်ဆံနေတာတွေ လျှော့ချဖို့ သမ္မတ အိုဘားမားက မြန်မာအစိုးရကို တိုက်တွန်း ပြောဆိုသွားမယ့် အကြောင်း လက်ထောက် အမျိုးသားလုံခြုံရေး အကြံပေး အရာရှိ ဘန်ရုဒ်စ် (Ben Rhodes) က သမ္မတ အိုဘားမား စီးနှင်း လိုက်ပါလာတဲ့ Air Force One လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြောလိုက်တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရ ဘက်ကလည်း အပြုသဘောဆောင်တဲ့ ဘက်ကို ဦးတည် လုပ်ဆောင်နေတာကို တွေ့ရပြီး မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ဆက်ဆံနေတာတွေ ဖြတ်တောက် ပစ်ဖို့ သူတို့အနေနဲ့ ထပ်လောင်း ဖိအားပေးသွားမှာ ဖြစ်တတယ်လို့ ဘန်ရုဒ်စ် က ပြောပါတယ်။

သမ္မတ အိုဘားမားဟာ မြန်မာနိုင်ငံ အပါအဝင် ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကို တရားဝင် သွားရောက် လည်ပတ်ဖို့ အာရှတိုက်ကို သွားနေပြီ ဖြစ်ပါတယ်။ သမ္မတ အိုဘားမားဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီး စည်းဝေးပွဲကိုလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

သူ့ရဲ့ ဒုတိယ သမ္မတသက်တမ်းအတွင်း တိုင်းပြည်စီးပွား ပြန်လည် ဦးမော့လာအောင် လုပ်ဆောင်မယ်လို့ ရွေးကောက်ပွဲကာလက ပေးထားတဲ့ ကတိတွေ အကောင်အထည်ဖော်နိုင်အောင် လုပ်ဆောင်နေတဲ့ အချိန်မှာ အာရှတိုက်ကို အာရုံစိုက် လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။ အာရှတိုက်ဟာ အနာဂတ် အမေရိကန်နိုင်ငံခြားရေးမူဝါဒတွေမှာ အရေးပါတဲ့ ဆုံချက် ဒေသဖြစ်တယ် ဆိုတာ သမ္မတ အိုဘားမား အစိုးရက ပြောထားပြီးသား ဖြစ်ပါတယ်။
XS
SM
MD
LG