သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျန်းမာရေးဥပဒေနဲ့တကွ ဘတ်ဂျက်ကိုအတည်ပြုဖို့ အိုဘားမားတိုက်တွန်း


ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် အစိုးရအသုံးစရိတ်ကို အောက်လွှတ်တော်က အတည်ပြုပေးဖို့ တိုက်တွန်းနေတဲ့ အမေရိကန်သမ္မတအိုဘားမား။ (စက်တင်ဘာ ၂၇၊ ၂၀၁၃)
ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် အစိုးရအသုံးစရိတ်ကို အောက်လွှတ်တော်က အတည်ပြုပေးဖို့ တိုက်တွန်းနေတဲ့ အမေရိကန်သမ္မတအိုဘားမား။ (စက်တင်ဘာ ၂၇၊ ၂၀၁၃)
အမေရိကန် သမ္မတအိုဘားမားက သူ့ရဲ့ကျန်းမာရေး စောင့်ရှောက်မှုဥပဒေကို မဖြတ်တောက်ဘဲ အစိုးရ အသုံးစရိတ်ချပေးဖို့ အောက်လွှတ်တော်အမတ်တွေကို တောင်းဆိုလိုက်ပါတယ်။

အောက်လွှတ်တော်က ရီပတ်ဘလီကင်တွေအနေနဲ့ နိုင်ငံရေးဟန်ပြလုပ်ရပ်တွေကို ရပ်တန့်သင့်တယ်လို့ သုံးနှုန်းပြီး သောကြာနေ့မှာ အိမ်ဖြူတော် သတင်းထောက်တွေကို သမ္မတ အိုဘားမားက ပြောဆိုလိုက်တာပါ။

အောက်လွှတ်တော် သဘာပတိ ဂျွန်ဘေနာကတော့ သမ္မတအိုဘားမားဟာ ဒီလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်ဆိုတာကို ငြင်းဆန်ပြောဆိုနေရင်း သူ့ကိုယ်သူဟန်ရေးပြနေတာလို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။ ဒီလို ပြောဆိုချက်တွေကတော့ အထက်လွှတ်တော်ကနေ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေအတွက် အစိုးရရဲ့ ယာယီအသုံးစရိတ် အတိုင်းအတာကို အတည်ပြုပြီး နာရီပိုင်းအကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အောက်လွှတ်တော်ကလည်း သက်သာတဲ့စောင့်ရှောက်မှုဥပဒေလို့လည်း သိကြတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေအတွက် အသုံးစရိတ်မပါတဲ့ အစိုးရအသုံးစရိတ် ဥပဒေကြမ်းကို အတည်ပြုထားတာပါ။ ဒီလွှတ်တော် နှစ်ရပ်ပေါင်း ကွန်ဂရက်စ်မှာ တနလာၤနေ့ ညသန်းခေါင်မှာ သဘောတူညီမှုမရရင်တော့ အစိုးရ လုပ်ငန်းဆောင်တာ တစိတ်တပိုင်းကို အောက်တိုဘာလ ၁ ရက်နေ့ အင်္ဂါနေ့မှာ ရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG