သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ ဘာရက်ခ်၊ အိုဘားမား တောင်အာဖရိကကို ခရီးဆက်


တောင်အာဖရိကနိုင်ငံသို့ ဦးတည်ထွက်ခွာသွားကြသော သမ္မတအိုဘားမားနှင့်ဇနီး။ (ဇွန်လ ၂၈၊ ၂၀၁၃။)
တောင်အာဖရိကနိုင်ငံသို့ ဦးတည်ထွက်ခွာသွားကြသော သမ္မတအိုဘားမားနှင့်ဇနီး။ (ဇွန်လ ၂၈၊ ၂၀၁၃။)
အမေရိကန်ပြည်ထောင်စုနဲ့ အာဖရိကတိုက်အကြား ထိတွေ့ ဆက်ဆံမှုတွေ တိုးမြှင့်လုပ်ဆောင်ရေး ရည်ရွယ်ချက်နဲ့ အာဖရိက သုံးနိုင်ငံ ခရီးထွက်နေတဲ့ သမ္မတ Barack Obama ဟာ သောကြာနေ့က တောင်အာဖရိကနိုင်ငံကို ခရီးဆက်သွားနေပြီ ဖြစ်ပါတယ်။

ဆီနီဂေါသမ္မတ Macky Sall နဲ့ တွေ့ဆုံပြီး ဒီမိုကရေစီအရေး တိုးမြှင့် လုပ်ဆောင်ဖို့နဲ့ တရားဥပဒေစိုးမိုးရေးကိစ္စတွေ ဆွေးနွေးပြီးတဲ့နောက် သူ့ရဲ့ နှစ် ရက်ကြာ ခရီးစဉ်ကို ဒီကနေ့ပဲ အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။ ၁၈ ရာစုနှစ်က အာဖရိကတိုက်က ကျွန်တွေကို အဓိက တင်ပို့ခဲ့တဲ့ ကြေကွဲဖွယ်ကောင်းတဲ့ Goree ကျွန်းကိုလည်း သွားရောက် လည်ပတ်ခဲ့ပါတယ်။

တောင်အာဖရိနိုင်ငံ Pretoria ဆေးရုံမှာ ကုသမှုခံယူနေတဲ့ အသားအရောင် ခွဲခြားအုပ်ချုပ်မှု တိုက်ဖျက်ရေးခေါင်းဆောင် Nelson Mandela ကို သမ္မတ အိုဘားမား သွားကြည့် မကြည့်ဆိုတာတော့ မသေချာသေးပါဘူး။ သမ္မတအိုဘားမား သွားလည်နိုင်ရေးကိစ္စနဲ့ ပတ်သက်လို့တော့ မစ္စတာ မန်ဒဲလားရဲ့ မိသားစုကပဲ အဆုံးဖြတ်ပေးရမှာဖြစ်တယ်လို့ အိမ်ဖြူတော် အရာရှိတွေက ပြောပါတယ်။

ဒါပေမယ့် မစ္စတာမန်ဒဲလား နှစ်ပေါင်း ၂၀ ကျော်ကြာ ထိန်းသိမ်းခံခဲ့ရတဲ့ Robben ကျွန်းကိုတော့ သမ္မတ အိုဘားမား စနေနေ့မှာ သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။

တောင်အာဖရိကခေါင်းဆောင်ဟောင်း မစ္စတာ မန်ဒဲလားဟာ တကမ္ဘာလုံးရဲ့ သူရဲကောင်းဖြစ်တယ်လို့ ကြာသပတေးနေ့မှာ သမ္မတ အိုဘားမားက ဂုဏ်ပြု ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG