သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေ အိုဘားမား ဂုဏ်ပြု


အမေရိကန်ပြည်ထောင်စုမှာ တနင်္လာနေ့ဟာ အလုပ်သမားနေ့ရုံးပိတ်ရက်ဖြစ်တာနဲ့အတူ ဒီကနေ့ အလုပ်လုပ်နေကြသူတွေ ခံစားနေကြရတဲ့ အခွင့်အရေးတွေ အများကြီးအတွက် ကြိုးကြိုးစားစား တိုက်ပွဲဝင်ခဲ့ကြတဲ့ အမျိုးသား အမျိုးသမီးတွေကို အမေရိကန်သမ္မတ Barack Obama က သူ့ရဲ့ နိုင်ငံတော် အပတ်စဉ်မိန့်ခွန်းထဲမှာ ဂုဏ်ပြုပြောကြားခဲ့ပါတယ်။

အလုပ်သမားလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြသူတွေဟာ သူတို့ကိုယ်တိုင် လစာပိုပြီးရဖို့အတွက်တင်မဟုတ်ဘဲ လုပ်ဖော်ကိုင်ဘက်တွေအတွက်ပါ ပိုမို အာမခံ ချက်ရှိပြီး သာယာဝပြောဖို့အတွက် ကြိုးစားခဲ့ကြတာဖြစ်တယ်လို့ သမ္မတ အိုဘားမားကပြောပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ လွန်ခဲ့တဲ့ ၅ နှစ်ခွဲ အတွင်း အလုပ်အကိုင်သစ်ပေါင်း ၁၃.၁ သန်းကို ဖန်တီးပေးနိုင်ခဲ့ပြီး ဒါဟာ သမိုင်းမှာ အရှည်ကြာဆုံး အလုပ်အကိုင်သစ်တွေ ဖန်တီးပေးနိုင်တဲ့ အချိန် အတိုင်းအတာ ဖြစ်တယ်လို့ဆိုပါတယ်။

သောကြာနေ့တုန်းက အမေရိကန် အလုပ်သမားဌာနက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ အမေရိကန်မှာ အလုပ်လက်မဲ့နှုန်းဟာ August
လအတွင်း အနိမ့်ဆုံးအဆင့်အဖြစ် 5.1% အထိကျဆင်းခဲ့ပါတယ်။ ဇူလိုင်လကထက် ဒဿမ ၂ % ကျဆင်းသွားတာ ဖြစ်ပါတယ်။ သြဂတ်စ်လအတွင်းမှာ အလုပ်အကိုင်သစ်ပေါင်း ၁ သိန်း ၇ သောင်း ၃ ထောင်ကို ဖန်တီးနိုင်ခဲ့တယ်လို့ အလုပ်သမားဌာနကပြောပါတယ်။ ဒါဟာ စီးပွားရေးပညာရှင်အများစု
ခန့်မှန်းထားတာထက်တော့ နည်းပါတယ်။

အမေရိကန်ဘဏ်အတိုးနှုန်းတွေကို ဘယ်လောက်နှုန်းနဲ့ ဘယ်တော့ ပြန်ပြီးမြှင့်တင်ရမလဲဆိုတာကို ဗဟိုဘဏ်တာဝန်ရှိသူတွေ စဉ်းစားနေချိန်မှာ ဒီအစီရင်ခံထဲက ကိန်းဂဏန်းတွေဟာ ထည့်သွင်းစဉ်းစားစရာ အရေးပါတဲ့အချက်တွေ ဖြစ်ပါတယ်။ အမေရိကန်မှာ ဘဏ္ဍာရေးပြဿနာတွေဖြစ်ခဲ့ပြီး ၂၀၀၈ ခုနှစ်ကတည်းက စီးပွားရေးတိုးတက်အောင် ကျားကန်တဲ့အနေနဲ့ ဗဟိုဘဏ်က အတိုးနှုန်းတွေကို စံချိန်တင်အောင် လျှော့ချထားတာဖြစ်ပါတယ် ရှင်။

XS
SM
MD
LG