သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား မြန်မာနိုင်ငံရောက်


အမေရိကန် သမ္မတ Barack Obama နှင့် နိုင်ငံခြားရေးဝန်ကြီး Hillary Rodham Clinton ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာစဉ်။
အမေရိကန် သမ္မတ Barack Obama နှင့် နိုင်ငံခြားရေးဝန်ကြီး Hillary Rodham Clinton ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာစဉ်။
အမေရိကန် သမ္မတ Barack Obama နှင့် နိုင်ငံခြားရေးဝန်ကြီး Hillary Rodham Clinton ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို နိုဝင်ဘာလ ၁၉ရက် တနင်္လာနေ့ မနက်ပိုင်းတွင် ရောက်ရှိလာပြီဖြစ်ပါတယ်။

ရန်ကုန်မြို့ကို ရောက်ရှိလာပြီဖြစ်တဲ့ အမေရိကန်သမ္မတအိုဘားမားဟာ မြန်မာသမ္မတဦးသိန်းစိန်နဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံမှာ တွေ့ဆုံမှာဖြစ်ပါတယ်။

မြန်မာသမ္မတဦးသိန်းစိန်နဲ့တွေ့ဆုံပြီးနောက်မှာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို သွားရောက်တွေ့ဆုံမှာဖြစ်ပါတယ်။

နောက် အမေရိကန်သံရုံးကို သွားရောက်ပြီး သံရုံးဝန်ထမ်းတွေနဲ့တွေ့ဆုံမှာဖြစ်ပါတယ်။
အဲ့ဒီ့နောက်မှာတော့ လူမှုအဖွဲ့အစည်းတွေနဲ့တွေ့ဆုံမှာဖြစ်ပါတယ်။

နေ့လည်ပိုင်းမှာတော့ ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမမှာ မြန်မာပြည်သူ လူထုကို သမ္မတအိုဘားမား မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။

တနင်္လာနေ့ ညနေပိုင်းမှာတော့ အမေရိကန်သမ္မတ အိုဘားမားနဲ့ အဖွဲ့ဟာ အရှေ့တောင်အာရှ အာဆီယံနိုင်ငံများ ထိပ်သီးညီလာခံကျင်းပနေတဲ့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ကို ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။
XS
SM
MD
LG