အမေရိကန် သမ္မတရွေးကောက်ပွ ဲမှာ ဒုတိယအကြိမ် အနိုင်ရခဲ့တဲ့ အမေရိကန်သမ္မတ ဘရက်အိုဘားမား ဟာ အိမ်ဖြူတော်မှာ တနင်္ဂနွေနေ့က တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ သမ္မတကတော် မစ်ရှဲလ်အိုဘားမား ရဲ့ မိသားစုပိုင် သမ္မာကျမ်းစာအုပ်ပေါ် လက်တင်ပြီး ဒုတိယသမ္မတ သက်တမ်း တာဝန်အတွက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာဖြစ်ပါတယ်။ ဒုတိယသမ္မတ ဂျိုးဘိုင်ဒန် ဟာလည်း တနင်္ဂနွေနေ့မှာပဲ ကျမ်းကျိန်းခဲ့ပါတယ်။
အစောပိုင်းကတော့ သမ္မတ အိုဘားမား ဟာ အစဉ်အလာအတိုင်း အာလင်တန် (Arlington) အမျိုးသား စစ်သင်္ချိုင်းမှာ လူမသိ သူမသိ ကျဆုံးခဲ့တဲ့ စစ်သည်တွေအတွက် အုတ်ဂူမှာ သွားရောက် ပန်းခွေချခဲ့ပါတယ်။ အမေရိကန် ဖဲ့ွစည်းပုံအခြေခံဥပဒေအရ သမ္မတတာဝန် ယူမယ့်သူတွေ အနေနဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုရတာဖြစ်ပါတယ်။
ဒီနှစ် ဇန်နဝါရီ ၂၀ ရက်နေ့ဟာ တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်နေတဲ့အတွက် အမျိုးသား ရင်ပြင်ကို မျက်နှာမူထားတဲ့ Capitol Hill လွှတ်တော် အဆောက်အဦးရှေ့ အများပြည်သူရှေ့မှောက် ကျမ်းသစ္စာကျိန်ဆိုပွဲကို တနင်္လာနေ့မှာ လုပ်မှာဖြစ်ပါတယ်။ ဝါရှင်တန်ဒီစီ မြို့တော်က သမ္မတကျမ်းကျိန်ပွဲကို ပြည်သူပေါင်း ၈ သိန်းလောက် လာရောက်ကြမယ်လို့ ခန့်မှန်းထားပါတယ်။