သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS နှိမ်နင်းရေး တိုးမြှင့်ဆောင်ရွက်ဖို့ အိုဘားမား ညွှန်ကြား


သမ္မတ Obama ဟာ နိုင်ငံခြားရေးဌာန ထိပ်တန်းအရာရှိတွေနဲ့ ကြာသပတေးနေ့မှာ တွေ့ဆုံ။
သမ္မတ Obama ဟာ နိုင်ငံခြားရေးဌာန ထိပ်တန်းအရာရှိတွေနဲ့ ကြာသပတေးနေ့မှာ တွေ့ဆုံ။

ဆီးရီးယားမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို မနက်ဖြန်စနေနေ့မှာ စတင် အကောင်အထည်ဖော်ဖို့ ရှိနေချိန်မှာပဲ အမေရိကန်သမ္မတ Barack Obama က Syria နဲ့ Iraq နိုင်ငံတို့က ပဋိပက္ခတွေကို အဆုံးသတ်မှုက IS အစ္စလာမ်မစ် စစ်သွေးကြွ ကွန်ယက်ကို ချေမှုန်းနိုင်ဖို့အတွက် အဓိကကျတယ် လို့ ပြောကြား သွားပါတယ်။

Syria နဲ့ Iraq က အခြေအနေက ကမ္ဘာမှာ ဒီနှစ်ပိုင်းတွေအတွင်းကြုံရတဲ့ အရှုပ်ထွေးဆုံး အခြေအနေတခုဖြစ်တယ်၊ IS တွေက အရပ်သားတွေကို လူသားဒိုင်း လို အကာအကွယ်ယူပြီး မြို့ပြဒေသတွေမှာပါမကျန် ခိုင်ခိုင်မာမာ နေရာယူ ထားတယ်လို့ ပြောပါတယ်။ Syria က စစ်ပွဲက ဒေသတွင်း အင်အားကြီး နိုင်ငံတွေက စ - ပေးတဲ့ စစ်ပွဲဖြစ်ပြီး ဂိုဏ်းဂဏ ကွဲပြားမှုတွေ ပြင်းပြင်းထန်ထန် ရှိနေတာ ပြသတယ်လို့လည်း မစ္စတာ Obama က ပြောပါတယ်။

သမ္မတ Obama ဟာ နိုင်ငံခြားရေးဌာန ထိပ်တန်းအရာရှိတွေနဲ့ ကြာသပတေးနေ့မှာ တွေ့ဆုံပြီးနောက် အခုလို ပြောသွားတာ ဖြစ်ပါတယ်။ Syria နိုင်ငံထဲ ဝင်ရောက်တဲ့ နိုင်ငံခြားက တိုက်ခိုက်ရေးသမား အရေအတွက် ကတော့ အရင်ကလောက် မများတော့ဘဲ IS တွေ အတွက် လစ်လပ်သွားတဲ့နေရာတွေမှာ လူစားပြန်ထိုးဖို့ ပိုခက်လာတယ် ဆိုတာ တွေ့ရတယ်လို့လည်း သမ္မတ Obama က ထောက်ပြသွားပါတယ်။

Syria နိုင်ငံမှာ မကြာခင်စတင်တော့မယ့် အမေရိကန် Russia အဆိုပြု အပစ်အခတ် ရပ်စဲရေး ကို ရည်ညွှန်းပြောဆိုတာမှာတော့ အဲဒီ သဘောတူညီချက် မပြိုပျက်ဖို့ အမေရိကန်ပြည်ထောင်စုက အစွမ်းကုန်ကြိုးစား ကူညီဆောင်ရွက် မယ်လို့ ပြောပါတယ်။

Russia နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ကတော့ Russia Arab ပူးပေါင်းဆောင်ရွက် မှု နှီးနှောဖလှယ်ပွဲကို သောကြာနေ့က တာဝန်ယူကျင်းပပေးခဲ့ပြီး ဒီတွေ့ဆုံမှုက Syria ပဋိပက္ခ အဆုံးသတ်ရေးအာရုံစိုက်ဆွေးနွေးကြမယ်လို့ ကတိပြုသွားပါတယ်။

XS
SM
MD
LG