သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား အစ္စရေးဘက်က ကာကွယ်ပြော


အမေရိကန်သမ္မတအိုဘားမား။ (မေလ ၃ ရက်၊ ၂၀၁၃)။
အမေရိကန်သမ္မတအိုဘားမား။ (မေလ ၃ ရက်၊ ၂၀၁၃)။
ဟက်ဇဘိုလာ (Hezbollah) အဖွဲ့လို အကြမ်းဖက်အုပ်စုတွေ ခေတ်မီလက်နက်တွေ မရရှိသွားဖို့အရေးအတွက် အစ္စရေးက ကာကွယ်လုပ်ဆောင်တာဟာ တရားမျှတမှု ရှိပါတယ်လို့ အမေရိကန်သမ္မတ ဘရက်အိုဘားမား က ပြောကြားလိုက်ပါတယ်။

စပိန်ဘာသာနဲ့ထုတ်လွှင့်တဲ့ Telemundo ရုပ်သံ ကွန်ယက်နဲ့ စနေနေ့က တွေ့ဆုံမေးမြန်းခန်းမှာ ဟက်ဇဘိုလာ အဖွဲ့ဆီ ပို့ပေးတယ်လို့ ယူဆရတဲ့ ဆီးရီးယားက ဒုံးကျည်တွေကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာနဲ့ပတ်သတ်ပြီး သမ္မတက တည့်တည့် မှတ်ချက်မပေးသွားပါဘူး။
ဘယ်လိုတိုက်ခိုက်မှုမျိုးလုပ်တယ် ဆိုတာ အစ္စရေးက အတည်ပြုတာပဲ ဖြစ်ဖြစ်၊ ငြင်းဆိုတာပဲ ဖြစ်ဖြစ် လက်ခံနိုင်တယ်လို့ သမ္မတက ပြောပါတယ်။

လက်ဘနွန်နိုင်ငံ အခြေစိုက် စစ်သွေးကြွ ဟက်ဇဘိုလာ အဖွဲ့ရှိရာကို ကြာသပတေးနေ့က ဦးတည်ပြီး ပို့ဆောင်နေတယ်လို့ ယူဆရတဲ့ ဒုံးကျည်တွေကို အစ္စရေးက တိုက်ခိုက်ခဲ့တယ်လို့ အမည်မဖော်တဲ့ အစ္စရေးအရာရှိတွေက ပြောပါတယ်။

ဓာတုလက်နက်တွေကို ပစ်မှတ်ထားတာ မဟုတ်ဘူးလို့တော့ အဲဒီ အရာရှိတွေက ဆိုပါတယ်။ အစ္စရေး အစိုးရကတော့ ဒီသတင်းနဲ့ ပတ်သတ်ပြီး ဘာမှ မပြောပါဘူး။ အစ္စရေးတို့ရဲ့ ပစ်မှတ်က ဂိုဒေါင်တခု ဖြစ်ပုံရတယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။ အစ္စရေးစစ်လေယာဉ်တွေ ဆီးရီးယားရဲ့ လေပိုင်နက်ထဲ ဝင်ရောက်ခဲ့ပုံလည်း မရှိပါဘူး။
XS
SM
MD
LG