သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်-ကန်ခေါင်းဆောင် ၂ ဦး မြောက်ကိုရီးယားအရေးဆွေးနွေး


အမေရိကန်သမ္မတ ဘရက်အိုဘားမားနဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ သမ္မတအိမ်ဖြူတော်မှာ တွေ့ဆုံနေစဉ်။ (ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၁၃)။
အမေရိကန်သမ္မတ ဘရက်အိုဘားမားနဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ သမ္မတအိမ်ဖြူတော်မှာ တွေ့ဆုံနေစဉ်။ (ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၁၃)။
မကြာခင်သေးက မြောက်ကိုရီးယားနိုင်ငံက ပြုလုပ်ခဲ့တဲ့ နျူကလီးယားဗုံးစမ်းသပ်ဖောက်ခွဲမှုနဲ့ တာဝေးပစ် မစ်ဇိုင်းဒုံး ပစ်လွှတ်ခဲ့တာတွေအတွက် ဘယ်လိုတုံ့ပြန် ဆောင်ရွက်သင့်သလဲ ဆိုတာနဲ့ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ သူဆွေးနွေးခဲ့တယ်လို့ အမေရိကန် သမ္မတဘရက်အိုဘားမားက ပြောပါတယ်။

လုံခြုံရေးကိစ္စနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတယ်လို့ မစ္စတာအိုဘားမား က ပြောပါတယ်။ အထူးသဖြင့် မြောက်ကိုရီးယားနိုင်ငံဘက်က ရန်လိုတဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ဘယ်လို ပြတ်ပြတ်သားသား ကိုင်တွယ် တုံ့ပြန် ရမယ်ဆိုတာကို ဆွေးနွေးခဲ့တယ်လို့ မစ္စတာအိုဘားမားက ပြောဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ မိသားစုက လက်မခံနိုင်ဘူး၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့ဟာ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂကနေ ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဆက်လက် လိုက်နာ လုပ်ဆောင်သွားမယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောဆိုပါတယ်။

အမေရိကန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကို သမ္မတအိုဘားမားက အိမ်ဖြူတော်မှာ သောကြာနေ့က လက်ခံတွေဆုံခဲ့ တာပါ။ ခေါင်းဆောင်နှစ်ဦးဟာ တရုတ်နဲ့ ဂျပန်နိုင်ငံတို့အကြား ဖြစ်ပွားနေတဲ့ နယ်မြေ အငြင်းပွားနေမှုနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

သမ္မတအိုဘားမားဟာ ဂျပန်ဝန်ကြီးချုပ်နဲ့အတူ နေ့လယ်စာ စားသုံးခဲ့ပြီး နှစ်နိုင်ငံအကြား စီးပွားရေးကိစ္စ၊ ပူပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေး ပြောဆိုခဲ့ကြပါတယ်။
XS
SM
MD
LG