သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား အရှေ့တောင်အာရှ ခရီးစဉ် ကြေညာချက်


အမေရိကန်သမ္မတ ဘားရက်အိုဘားမား
အမေရိကန်သမ္မတ ဘားရက်အိုဘားမား

သမ္မတအိုဘားမားဟာ ထိုင်း၊ မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေဆီကို နိုဝင်ဘာလ ၁၇ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ သွားမှာ ဖြစ်ပါတယ်။

သမ္မတအိုဘားမားဟာ ဒီလအတွင်းမှာ မြန်မာအပါအဝင် အရှေ့တောင်အာရှ ဒေသကို
ခရီးထွက်မယ်လို့ အိမ်ဖြူတော်က ကြေညာလိုက်ပါတယ်။ ကြေညာချက် အပြည့်အစုံ ကတော့
အောက်ပါအတိုင်း ဖြစ်ပါတယ်။ သမ္မတအိုဘားမား ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်၊ မြန်မာနိုင်ငံ
ရန်ကုန်မြို့ နဲ့ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်တို့ဆီကို
နိုဝင်ဘာလ ၁၇ ရက်နေ့ ကနေ ၂၀ ရက်နေ့အထိ သွားရောက်မှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ် ယင်းလပ်နဲ့တွေ့ဆုံပြီး အမေရိကန်-ထိုင်း
နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့တဲ့ နှစ် (၁၈၀) ပြည့် အခမ်းအနားကို
ကျင်းပမှာ ဖြစ်တဲ့အပြင် နှစ်နိုင်ငံ ချစ်ခင်ရင်းနှီးမှု ကိုလည်း
ပိုမိုခိုင်မာအောင် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့အပြင်
လူထုအခြေပြု အဖွဲ့အစည်းများနဲ့လည်း တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ
ဆောင်ရွက်ဆဲ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အားပေးတိုက်တွန်းမှာ
ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာတော့ သမ္မတကြီးဟာ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲကို
တက်ရောက်ပြီး အာဆီယံခေါင်းဆောင်များနဲ့ တွေ့ဆုံပါ လိမ့်မယ်။ ဒီဒေသအတွင်း
ရောက်ရှိနေစဉ်မှာ ကုန်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကတဆင့်
စီးပွားဖွံ့ဖြိုးရေး၊ အလုပ်အကိုင်သစ်များ ဖန်တီးရေး၊
စွမ်းအင်နဲ့လုံခြုံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ လူ့အခွင့်အရေး
စံရည်စံညွှန်းများ ညှိနှိုင်းသတ်မှတ်ရေး တို့နဲ့တကွ ဒေသနဲ့ ကမ္ဘာလုံးဆိုင်ရာ
အခြားပြဿနာတွေကိုလည်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဒီခရီးစဉ်နဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို နောက်ပိုင်းမှာ
ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။
XS
SM
MD
LG