သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်သမားဝန်ကြီးသစ် သမ္မတ အိုဘားမား အမည်တင်သွင်း

အမေရိကန်အစိုးရ အလုပ်သမားရေး ဝန်ကြီးအဖြစ် လက်ထောက်ရှေ့နေချုပ် သောမတ်စ် ပီးယား (Thomas Perez) ကို သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အဆိုပြုလိုက်ပါတယ်။

သမ္မတ အိုဘားမား အစိုးရအဖွဲ့က အနိမ့်ဆုံး လုပ်ခ လစာ တိုးမြှင့်မှုနဲ့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ပြောင်းလဲမှုတွေအပါအဝင် အလုပ်သမားတွေအတွက် ဆောင်ရွက်ချက် အတော်များများ လုပ်ခဲ့ပြီးနောက်ပိုင်း အခုလို အလုပ်သမား ဝန်ကြီးသစ် ခန့်အပ်ရေး ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

မစ္စတာ ပီးယား ဟာ တရားရေးဝန်ကြီးဌာန နိုင်ငံသားအခွင့်အရေးဌာန အကြီးအကဲအဖြစ် ၃ နှစ် တာဝန်ထမ်းခဲ့ပြီး မယ်ရီလန်းပြည်နယ် အလုပ်သမားရေးဌာန အကြီးအကဲဟောင်း လည်း ဖြစ်ပါတယ်။

သူဟာ Dominican Republic ကနေ အမေရိကန်ကို ပြောင်းရွှေ့ ဝင်ရောက်နေထိုင်သူ မိသားစုကနေ ဆင်းသက်လာတာပါ။ အထက်လွှတ်တော် အတည်ပြုချက်ရရင် သူဟာ အမေရိကန်အစိုးရရဲ့ ပထမဆုံး စပိန်နွယ်ဖွား အလုပ်သမားဝန်ကြီး ဖြစ်လာမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG