သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၅ ဘီလျံမဖြတ်ရေး သမ္မတအိုဘားမား ဆက်ကြိုးပမ်း


အမေရိကန်သမ္မတ ဘရက်အိုဘားမား။
အမေရိကန်သမ္မတ ဘရက်အိုဘားမား။
အမေရိကန်ပြည်ထောင်စုမှာ မနေ့ စနေနေ့ကစတင်ပြီး အသက်ဝင်လာပြီဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၈၅ ဘီလျံ အလိုအလျောက် အစိုးရအသုံးစရိတ် ဖြတ်တောက်မယ့်ကိစ္စ မဖြစ်အောင်လို့ ဆင်ခြင်တုံတရား ရှိသူတွေနဲ့ ဆွေးနွေးသွားမယ်လို့ အမေရိကန်သမ္မတ ဘရက်အိုဘားမားက ပြောလိုက်ပါတယ်။

ရီပက်ပလစ်ကန်တွေထဲမှာ ချမ်းသာတဲ့သူတွေအပေါ် အချို့ အခွန်ကင်းလွတ်ခွင့်ပေးထားတာကို ရပ်တန့်အဆုံးသတ်စေချင်တဲ့ ရီပက်ပလစ်ကန်တွေ ရှိသလို ဒီမိုကရက်တွေဘက်မှာလည်း လူမှုဖူလုံရေး စောင့်ရှောက်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလို အစိုးရရဲ့ အစီအစဉ်တွေကို ပြုပြင် ပြောင်းလဲမှု လုပ်ချင်သူတွေလည်း ရှိတယ်လို့ သမ္မတ အိုဘားမားက အပတ်စဉ်ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။

အခွန်တွေ တိုးကောက်မယ့်အစီအစဉ်ကို ရီပက်ပလစ်ကန်တွေဘက်က ကန့်ကွက်တယ်ဆိုပြီး ရီပက်ပလစ်ကန် အောက်လွှတ်တော်အမတ် Cathy McMorris Rodgers က ထပ်ပြီးတော့ ကန့်ကွက်ပြောဆိုသွားပါတယ်။ အခြေအတင် ဆွေးနွေးငြင်းခုန်မှုတွေဟာ အစိုးရအသုံးစရိတ်ကို ဘယ်လို အမျှော်အမြင်ရှိရှိနဲ့ ဖြတ်တောက်မယ်ဆိုတာကိုပဲ အဓိက အလေးပေး ဆွေးနွေးသင့်တယ် လို့ သူမက ပြောလိုက်ပါတယ်။

သမ္မတ အိုဘားမားဟာ အသုံးစရိတ် ဖြတ်တောက်မယ့်အစီအစဉ်တွေကို သောကြာနေ့က ဥပဒေအဖြစ်နဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ သူ့အနေနဲ့ ဒါကို လက်မှတ်မထိုးချင်ပေမဲ့လည်း သမ္မတအိုဘားမားဟာ ဥပဒေအရ လက်မှတ်ထိုးဖို့တာဝန်ရှိတာ ဖြစ်ပါတယ်။
အလိုအလျောက် အစိုးရအသုံးစရိတ် ဖြတ်တောက်မယ့်အစီအစဉ်ဟာ အမေရိကန်အစိုးရနဲ့ လွှတ်တော်ကြားမှာ အစိုးရအသုံးစရိတ်နဲ့ ပတ်သက်ပြီး သဘောတူညီမှုရဖို့ အတင်းအကျပ် တွန်းအားပေးထားတဲ့ကိစ္စလည်း ဖြစ်ပါတယ်။
XS
SM
MD
LG