အမေရိကန်စစ်တပ်အနေနဲ့ တကယ့်ကို မသုံးမဖြစ်တဲ့ အခြေအနေ ရောက်တော့ မှ အဝေးထိန်း Drone ယာဉ်တွေသုံးပြီး တိုက်ခိုက်တာဖြစ်တယ်လို့ သမ္မတ ဘရက်အိုဘားမားက ပြောလိုက်ပါတယ်။ Drone ယာဉ်တွေသုံးပြီး တိုက်ခိုက်မယ့်အစား အမေရိကန် စစ်တပ်အနေနဲ့ ဖမ်းဆီးမှု၊ စစ်ဆေးမှုနဲ့ အကြမ်းဖက်သမားတွေကို ဖမ်းဆီးမှုတွေကို အရင်လုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။
Fort McNair မှာ ရှိတဲ့ စစ်တက္ကသိုလ်မှာ သမ္မတအိုဘားမား ကြာသပတေးနေ့ က မိန့်ခွန်းပြောခဲ့တာမှာ al-Qaida အကြမ်းဖက်အဖွဲ့နဲ့ သူ့ရဲ့ အဖွဲ့ဝင်တွေအပေါ်မှာ အမေရိကန် စစ်တပ်က ပစ်မှတ်ကိုမလွဲနိုင်အောင် အတတ်နိုင်ဆုံးလုပ်တဲ့ နည်းကို သုံးတယ်လို့ သမ္မတက ပြောခဲ့ပါတယ်။ အင်မတန်လျှို့ဝှက်ပြီး လူသိရှင်ကြားပြောခဲလှတဲ့ Drone တွေသုံးပြီး ဒုံးလက်နက်နဲ့ တိုက်ခိုက်မှုတွေဟာ လုပ်သင့်တယ်ဆိုတာကို သမ္မတက ရှင်းပြခဲ့တာဖြစ်ပါတယ်။
တခြားနိုင်ငံတွေမှာ အမေရိကန်စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ နိင်ငံခြားက လူတွေရဲ့ သဘောထား အမြင်တွေအပေါ် သက်ရောက်မှုရှိပြီး နောက်ထပ် ရန်သူတွေ တိုးလာစေနိုင်တဲ့ အန္တရာယ်ရှိတယ်ဆိုတာကိုလည်း သမ္မတအိုဘားမားက အသိအမှတ်ပြုပြောခဲ့ပါတယ်။
ဒါပေမဲ့ သေကြေစေတဲ့ တိုက်ခိုက်မှုတွေလုပ်နိုင်ဖို့ ကြံစည်နိုင်အောင် အကြမ်းဖက်သမားတွေဘက်က ခြေကုပ်ယူတာကို အမေရိကန်ဘက်က ခွင့်မပေးနိုင်ဘူးလို့လည်း မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။ တခြားနိုင်ငံတွေမှာ အမေရိကန်တို့ရဲ့ မောင်းသူမဲ့ Drone ယာဉ်တွေသုံးပြီးတိုက်ခိုက်မှုကြောင့် အမေရိကန်နိုင်ငံသား ၄ ယောက်သေဆုံးခဲ့တယ်လို့ အမေရိကန် အစိုးရက ပြောပြီး နာရီပိုင်းအကြာမှာပဲ ခုလို သမ္မတက ပြောခဲ့တာပါ။
သေဆုံးသွားသူတွေထဲက တယောက်ဟာ အမေရိကန်အပေါ် အကြမ်းဖက်လုပ်ရပ်တွေလုပ်ဖို့ ရည်ရွယ်ချက်နဲ့ ပါကက်စ္စတန်ကို ထွက်သွားသူဖြစ်တယ်လို့ အမေရိကန် လုံခြုံရေးတပ်ဖွဲ့များဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။