သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား အာဖရိက ၃ နိုင်ငံ ခရီးစဉ်စတင်


အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ သူ့ရဲ့ အာဖရိကခရီးစဉ် ပထမတထောက်ဖြစ်တဲ့ ဆီနီဂေါနိုင်ငံကို ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်း ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ဒီမိုကရေစီအရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဆီနီဂေါနိုင်ငံမြို့တော် Dakar ကို ကြာသပတေးနေ့မှာ ဆိုက်ရောက်ပြီးတဲ့နောက် သမ္မတ အိုဘားမားဟာ ဆီနီဂေါသမ္မတ Macky Sall နဲ့ တွေ့ဆုံတဲ့အပြင် ဒေသတွင်း တရားရေးအရာရှိတွေနဲ့ ဥပဒေစိုးမိုးရေး ကိစ္စတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

AIDS ရော ကူးစက်ပြန့်ပွားမှုနှုန်း လျော့ကျလာပြီး အဂတိလိုက်စားမှုလည်း တဖြည်းဖြည်းနဲ့ နည်းလာနေပြီ ဖြစ်တဲ့အတွက် အာဖရိကတိုက်မှာ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ အချိန်ကောင်းကို ရောက်နေပြီလို့ သမ္မတ အိုဘားမားရဲ့ ခရီးစဉ်မစခင် အမေရိကန် ကုန်သွယ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် Michael Froman က သုံးသပ်ပြောဆိုပါတယ်။

ဒါပေမဲ့ အာဖရိကတိုက်က ဖွံ့ဖြိုးမှုနှုန်းဟာ နှေးကွေးနေသေးတယ်လို့ Froman က ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့လည်း မကြာခင် ကာလတွေအတွင်း ဖြစ်ပေါ်ခဲ့တဲ့ တိုးတက် ပြောင်းလဲမှုတွေဘက်မှာ ရှိချင်ပါတယ်လို့ သူက ပြောပါတယ်။

သမ္မတ အိုဘားမားဟာ ဆီနီဂေါနိုင်ငံကနေ တောင်အာဖရိကနိုင်ငံကိုသွားပြီး သမ္မတဟောင်း Nelson Mandela နှစ်ပေါင်း ၂၀ နီးပါးလောက် ထိန်းသိမ်းခံခဲ့ရတဲ့ Robben ကျွန်းကို သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။
XS
SM
MD
LG