သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား အရှေ့အလယ်ပိုင်းခရီး စတင်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) ဟာ အစ္စရေးလ်နိုင်ငံ ကို ရောက်ရှိသွားပြီလို့ အစ္စရေးလ် မီဒီယာတွေ မှာ ဖော်ပြပါတယ်။ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ အရှေ့အလယ်ပိုင်း ခရီးစဉ်မတိုင်ခင်မှာ ကြိုတင်သွားရောက်တာဖြစ်ပြီး သမ္မတအိုဘားမား ခရီးစဉ်မှာလည်း မစ္စတာ ကယ်ရီ လိုက်ပါမှာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမားကတော့ အင်္ဂါနေ့နှောင်းပိုင်းမှာ အရှေ့အလယ်ပိုင်း ခရီးစဉ်အတွက် ထွက်ခွာဖို့ရှိပါတယ်။ ၄ ရက်ကြာမယ့် သမ္မတခရီးစဉ်မှာ အစ္စရေးလ် အနောက်ဘက်ကမ်းဒေသနဲ့ ဂျော်ဒန် နိုင်ငံတွေကို သွားရောက်မှာ ဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ သမ္မတ အိုဘားမားအနေနဲ့ သမ္မတ တာဝန်ယူတဲ့ နောက်ပိုင်း အရှေ့အလယ်ပိုင်းကို ပထမဦးဆုံး သွားရောက်မယ့်ခရီးစဉ်လည်း ဖြစ်ပါတယ်။

သမ္မတ အိုဘားမားဟာ အစ္စရေးလ်နိုင်ငံ Tel Aviv မြို့အနီး လေဆိပ်ကနေ ဂျေရုဆလင်မြို့ ကို ရဟတ်ယာဉ်နဲ့ သွားမှာ ဖြစ်ပါတယ်။ မစ္စတာ ဂျွန် ကယ်ရီ ကတော့ ဂျေရုဆလင်ကို ကားနဲ့သွားရာမှာ မစ္စတာ ကယ်ရီ ခရီးစဉ်မှာ အဝေးပြေးလမ်းတွေကို လုံခြုံရေးအတွက် ပိတ်ထားရတာကြောင့် လမ်းတွေမှာ ယာဉ်ကြောတွေ ကြပ်ခဲ့ပါတယ်။

သမ္မတအိုဘားမားဟာ အစ္စရေးလ် အစိုးရသစ်က ဝန်ကြီးတွေနဲ့ ပါလက်စတိုင်း လူမျိုးတွေ နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ ဂျော်ဒန်နိုင်ငံကို ခရီးတထောက် ဝင်ရောက်တဲ့အခါ အမေရိကန်နိုင်ငံက အကူအညီပေးနေတဲ့ ဆီးရီးယား ဒုက္ခသည်တွေ ရှိရာကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။
XS
SM
MD
LG