သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမားခရီးစဉ် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ဖို့ ရှေ့ရှု


သမ္မတအိုဘားမားရဲ့ ဒီကနေ့ မြန်မာနိုင်ငံခရီးစဉ် စစချင်းပဲ ရန်ကုန်မြို့က တိုင်းဒေသကြီး လွှတ်တော် မှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်ကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အမေရိကန်-မြန်မာ ဆက်ဆံရေး ဟာ အခုနှစ်၂၀ကျော်ကာလ အေးစက်နေရာကနေ သမ္မတအိုဘားမား လက်ထက် မှာ ပြန်လည်ကေ သမ္မတအိုဘားမားရဲ့ ဒီကနေ့ မြန်မာနိုင်ငံခရီးစဉ်စစချင်းပဲ ရန်ကုန်မြို့က တိုင်းဒေသကြီး လွှတ်တော် မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အမေရိကန်-မြန်မာ ဆက်ဆံရေး ဟာ အခုနှစ်၂၀ ကျော်ကာလ အေးစက် နေရာကနေ သမ္မတအိုဘားမား လက်ထက်မှာ ပြန် လည်ကောင်းမွန်လာပြီး၊ ဒီထက် တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်သွားမယ်လို့ သမ္မတ ဦးသိန်းစိန်က အဲဒီ တွေ့ဆုံမှုမှာ ပြောခဲ့ပါတယ်။

“ပီးခဲ့တဲ့ နှစ် နှစ်ဆယ်ကျော် ကာလအတွင်း ကျနော်တို့ နှစ်နိုင်ငံရဲ့ ဆက်ဆံရေးဟာ အကြောင်းကြောင်းကြောင့် အခက်အခဲတွေ ကြုံတွေ့ ခဲ့ရပါတယ်။ သို့သော်လည်း မစ္စတာ အိုဘားမား သမ္မတဖြစ်လာတဲ့နောက်ပိုင်းမှာ သမ္မတကြီးရဲ့ အမြော်အမြင် ကြီးမားမှု၊ နောက် နိုင်ငံခြားရေးဝန်ကြီး၊ သံအမတ်ကြီးတို့ရဲ့ ဝိုင်းဝန်းကြိုးပမ်းအားထုတ်မှုကြောင့် နှစ်နိုင်ငံဆက်ဆံရေးဟာ ထူး ထူးခြားခြား ကောင်းမွန်လာ ပါတယ်။ ဒီလိုကောင်းမွန်တဲ့ ဆက်ဆံရေးကို ရေရှည် တည်တံ့အောင် ရှေ့ကို ဆက်ပြီးတော့ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

သမ္မတအိုဘားမားကလည်း အခု အခြေအနေမှာ အလားအလာကောင်းတွေ တွေ့နေရတယ် ဆိုပြီး မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုတွေ အပေါ်မှာ သမ္မတဦးသိန်းစိန်ကို ချီးကျူး စကားပြော သွားပါတယ်။

“ဒီမိုကရေစီဖြစ်ထွန်းမှုတွေအတွက် ခြေလှမ်းတွေ အတော်များများ တွေ့ရပါတယ်။ ရွေးကောက်ပွဲ လုပ်တယ်၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတယ်၊ ကျနော်တို့နဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေး မှုလည်း လုပ်ခဲ့ပါတယ်။ ဒါတွေဟာ လှပတဲ့ ဒီ မြန်မာနိုင်ငံအတွက် ယုံကြည် စိတ်ချရတဲ့ အလား အလာကောင်းတွေ ဖြစ်စေပါတယ်။” ဆိုပြီးတော့ သမ္မတအိုဘားမားကနေပြီး သမ္မတဦးသိန်းစိန် ကို ပြောသွားတာ ဖြစ်ပါတယ်။ နောက် အပြန်အလှန် တန်ဖိုးထားမှုတွေနဲ့ နှစ်နိုင်ငံ ဆက်ဆံရေး အပေါ်မှာ ရှေ့ဆက်ပြီးတော့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို သမ္မတဦးသိန်းစိန်က အမေရိကန် သမ္မတကို ကတိပေး ပြောဆိုတာ တွေ့ရပါတယ်။

“ရှေ့ဆက်ပြီးတော့ နှစ်နိုင်ငံ တန်းတူ ရည်တူရှိမှု၊ နောက်တခါ စာနာမှု၊ တန်ဖိုးထားမှု ဒါတွေ လည်း ရှေ့ကို ဆက်ပြီးတော့ သွားမှာပဲ ဖြစ်ပါတယ်။”

တချိန်တည်းမှာ မြန်မာနိုင်ငံ ဒီမိုကရေစီဖွံဖြိုးတိုးတက်ရေးနဲ့ လူ့အခွင့်အရေးတွေအတွက်လည်း အမေရိကန်ပြည်ထောင်စုနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မြန်မာသမ္မတဦးသိန်းစိန် က ပြောပါတယ်။

“နောက်တခုကလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေး၊ နောက်တခါ လူ့အခွင့်အရေး၊ ဒါတွေကို ကမ္ဘာ့ စံချိန် စံညွှန်းတွေနဲ့ညီအောင် ဆောင်ရွက်နိုင်ဖို့အတွက် ကျနော်တို့ လူမျိုးတွေရဲ့ အရည်အသွေးတွေ၊ အဆင့်အတန်းတွေ မြင့်မားလာအောင်၊ ဒီ ပညာရေးတို့၊ ကျန်းမာရေး တို့- နောက်တခါ ဝန်ထမ်းတွေရဲ့ အရည်အသွေး မြှင့်တင်ရေးတို့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း အမေရိကန်နိုင်ငံနဲ့ ကျနော်တို့ ပူးပေါင်း ဆောင်ရွက်သွားဖို့အတွက် သမ္မတကြီးဆီကလည်း သဘောတူညီချက်တွေ ကျနော်တို့ ရရှိခဲ့ပါတယ်။”

သမ္မတ အိုဘားမားကလည်း မြန်မာနိုင်ငံမှာ လက်ရှိ အပြောင်းအလဲရှိနေတာတွေကို အသိအမှတ်ပြု သလို ဒီအပြောင်းအလဲတွေဟာ ရေရှည်သွားရဦးမယ့် မြန်မာ့ဒီမိုကရေစီခရီးမှာ ခရီးစဖြစ်တယ် လို့ မြင်တဲအ့ကြေင်း သမ္မတအိုဘားမားက သမ္မတ ဦးသိန်းစိန်ကို ပြောခဲ့ပါတယ်။ သမ္မတ အိုဘားမားဟာ ဒီကနေ့ မြန်မာနိုင်ငံကို ရောက်တဲ့နေ့မှာ ပဲ မြန်မာအစိုးရကလည်း နိုင်ငံရေး အကျဉ်းသားတချို့အပါအဝင် အကျဉ်းသား အတော်များများကို လွှတ်ပေးခဲ့ပါတယ်။ ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၄၀ လောက် ပါဝင်တယ်လို့ သိရပါတယ်။
XS
SM
MD
LG