သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Secret Service အကြီးအကဲ ပထမဆုံး အမျိုးသမီးခန့်အပ်


အမေရိကန်အစိုးရ Secret Service ထောက်လှမ်းဌာနရဲ့ အကြီးအကဲအဖြစ် ခန့်အပ်ခံရသူ Julia Pierson
အမေရိကန်အစိုးရ Secret Service ထောက်လှမ်းဌာနရဲ့ အကြီးအကဲအဖြစ် ခန့်အပ်ခံရသူ Julia Pierson
အမေရိကန်အစိုးရ Secret Service ထောက်လှမ်းဌာနရဲ့ ပထမဆုံး အမျိုးသမီး အကြီးအကဲ အဖြစ် ဂျူလီယာ ပီယာစန် (Julia Pierson) ကို ခန့်အပ်မှာ ဖြစ်တဲ့အကြောင်း သမ္မတ အိုဘားမား က ကြေညာ လိုက်ပါတယ်။

အဆိုပါ ထောက်လှမ်းရေးဌာနဟာ သမ္မတနဲ့ သူရဲ့မိသားစုကို အကာအကွယ်ပေးတဲ့ ဌာနလည်း ဖြစ်ပါတယ်။

မစ် ပီယာစန် ဟာ Secret Service ထောက်လှမ်းရေး အကြီးအကဲ ရာထူးကို ခန့်အပ်ထိုက် သူအဖြစ် ထင်ရှားပြီး အဆိုပါ ထောက် လှမ်းရေးဌာနမှာ နှစ် ၃၀ လုပ်ကိုင်ခဲ့တဲ့ စံပြတဦး ဖြစ် တယ်လို့ သမ္မတ အိုဘားမားက ပြောဆိုလိုက်ပါတယ်။

ပီယာစန် ဟာ လက်တလောမှာတော့ သမ္မတအိမ်တော် လုံခြုံရေးအကြီးအကဲတဦး ဖြစ် ပါတယ်။ သူဟာ Florida ပြည်နယ် Orlando မြို့မှာ ရဲအရာရှိတဦးအဖြစ် တာဝန် စထမ်းဆာင်ခဲ့ပါတယ်။

ပီယာစန် ကို အခုလို ခန့်အပ်တာဟာ အမေရိကန် အထက်လွှတ်တော်ရဲ့ အတည်ပြုချက် မလိုအပ်ပါဘူး။ သမ္မတကို အကာအကွယ်ပေးတဲ့ တာဝန်မှာ ငွေစက္ကူအတု ပြုလုပ်မှု၊ အကြွေးဝယ်ကဒ် လိမ်လည်မှုနဲ့ တခြား ဘဏ္ဍာရေး လိမ်လည်မှုတွေကို စုံစမ်းတဲ့ တာဝန်တွေလည်း ပါဝင်ပါတယ်။
XS
SM
MD
LG