သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီဥတု ပြောင်းလဲမှု ပြဿနာ ဖြေရှင်းဖို့ သမ္မတ အိုဘားမား တိုက်တွန်း


ပဲရစ် ဥတုရာသီ ထိပ်သီးညီလာခံ ကန်သမ္မတ မိန့်ခွန်းပြော။ ( နိုဝင်ဘာ ၃၀၊ ၂၀၁၅)
ပဲရစ် ဥတုရာသီ ထိပ်သီးညီလာခံ ကန်သမ္မတ မိန့်ခွန်းပြော။ ( နိုဝင်ဘာ ၃၀၊ ၂၀၁၅)

ပဲရစ် ဥတုရာသီ ထိပ်သီးညီလာခံကို တက်ရောက်နေကြတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ အနေနဲ့ လက်ရှိ ကြုံတွေ့ ခံစားနေရမှုတွေကို ရှောင်ရှားပြီး ကမ္ဘာမြေကြီးကို ထိန်းသိမ်း ထားနိုင်သူတွေဖြစ်အောင် လက်ရှိ အချိန်အခါကို အခွင့်ကောင်းယူပြီး တိုးတက်မှု ရရှိအောင် လုပ်ဆောင်ကြဖို့ အမေရိကန်သမ္မတ Barack Obama က ပြောကြားလိုက်ပါတယ်။

ညီလာခံကို တက်ရောက်နေကြတဲ့ နိုင်ငံ အသီးသီးက ခေါင်းဆောင်တွေ အနေနဲ့ လောင်စာဆီတွေ သုံးစွဲမှုက ထွက်လာတဲ့ မီးငွေ့တွေ လျော့ကျပြီး ကမ္ဘာ့အပူချိန် မြင့်တက်လာမှုကို ကန့်သတ်ကြဖို့အတွက် အရေးတကြီး စဉ်းစား ဆုံးဖြတ်ကြဖို့ အမေရိကန်ပြည်ထောင်စုနဲ့ တခြား နိုင်ငံတွေမှာ ရရှိခဲ့ပြီးဖြစ်တဲ့ တိုးတက်မှုတွေကို နမူနာပေးပြီး သမ္မတ အိုဘားမား တိုက်တွန်း ပြောကြားလိုက်ပါတယ်။

အဲဒီ တိုးတက်မှုတွေကို အခြေခံပြီး လူသားမျိုးနွယ်အတွင်း ထာဝရ တိုးတက်ကောင်းမွန်စေမယ့် အခြေခံ အုတ်မြစ်ဖြစ်လာအောင် ပြောင်းလဲ လုပ်ဆောင်ကြဖို့ ပဲရစ်ညီလာခံကို တက်လာကြသူတွေရဲ့ လုပ်ငန်း တာဝန်ဖြစ်ကြောင်း၊ ယာယီ ဖြေရှင်းတဲ့ပုံစံမျိုးမဟုတ်ပဲ အနာဂတ်မှာ ကာဗွန်ဓါတ်ငွေ့တွေ လျော့ကျနိုင်မယ့် ရေရှည်မဟာဗျူဟာ ချမှတ် လုပ်ဆောင်ကြဖို့ဖြစ်ကြောင်း သမ္မတ အိုဘားမားက ပြောပါတယ်။

ဒီထိပ်သီးညီလာခံရဲ့ ရည်မှန်းချက်ဟာ ဥတုရာသီ ပြောင်းလဲမှုကို ဖြစ်ပေါ်စေတယ်လို့ ယူဆထားကြတဲ့ လောင်စာဆီ သုံးစွဲမှုက ထွက်ပေါ်လာတဲ့ မီးခိုးငွေ့တွေ လျော့ချပြီး စက်မှုတော်လှန်ရေးမစတင်ခင်ခေတ်က ရှိခဲ့တဲ့ အပူချိန်လောက်ရောက်အောင် ကမ္ဘာ့အပူချိန် ပျမ်းမျှ ၂ ဒီဂရီ Celsius မပိုအောင် ကန့်သတ်ထားချက် ထားကြဖို့ ဖြစ်ပါတယ်။

အခုနှစ်အတွင်း ကမ္ဘာ့အပူချိန်ဟာ ပျမ်းမျှ ၁ ဒီဂရီ Celsius အထိ တက်လာမယ့် အလားအလာရှိတယ်လို့ ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ အေဂျင်စီ က ပြောကြား ထားတဲ့အတွက် ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ယာထားချက် ထက်ဝက်နီးပါးကို ရောက်လာနေပြီ ဖြစ်ပါတယ်။

XS
SM
MD
LG