သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားအရေး ဆွေးနွေးစဉ် အီရန်ပိတ်ဆို့မှုအသစ် အမေရိကန်ချမှတ်မည်မဟုတ်


အီရန်နျူကလီးယားအစီအစဉ် အဆုံးသတ်ဖို့ နိုင်ငံတကာ ညှိနှိုင်း ဆောင်ရွက်နေချိန်အတွင်း အီရန်ပေါ် နောက်ထပ် စီးပွားရေး ဒဏ်ခတ်မှုတွေလုပ်ဖို့ Congress လွှတ်တော်မှာ မဲခွဲမှာ မဟုတ်ဘူးလို့ အမေရိကန် ထိပ်တန်းလွှတ်တော်အမတ်တယောက်က ပြော လိုက်ပါတယ်။

ကျေးဇူးတော်နေ့ ရုံးပိတ်ရက်တွေ ပြီးသွားတဲ့အထိ ဒဏ်ခတ်မှုဥပဒေကြမ်းကို မဲခွဲမှာ မဟုတ်ဘူးလို့ အိမ်ဖြူတော်မှာ အရေးပါတဲ့ ဆွေးနွေးမှုတွေလုပ်ပြီး အထက်လွှတ်တော်အမတ် Bob Corker က သတင်းထောက်တွေကို ပြောကြား ခဲ့ပါတယ်။

သူအပါအဝင် အထက်လွှတ်တော် ဘဏ်လုပ်ငန်း၊ နိုင်ငံခြားဆက်ဆံရေး၊ ကာကွယ်ရေးနဲ့ ထောက်လှမ်းရေးကော်မတီ ခေါင်းဆောင်တွေဟာ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ အင်္ဂါနေ့ အစောပိုင်း က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အီရန်နဲ့ ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံတို့ကြား ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာလုပ်နေတဲ့ ဆွေးနွေးပွဲအကြောင်း နောက်ဆုံးအခြေအနေတွေကို သမ္မတက လွှတ်တော်ရေးရာကော်မတီ ခေါင်းဆောင်တွေကို အသိပေးခဲ့ပြီး သူ့အစိုးရက သံတမန်ရေးနည်းနဲ့ ဖြေရှင်းဖို့ အားထုတ် ကြိုးပမ်းနေတာကို ဆက်လုပ်သွားခွင့်ပေးဖို့ လွှတ်တော်ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။
XS
SM
MD
LG