သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား လုပ်ရပ် ကန်-တရုတ် ရှုတ်ချ


တရုတ်သမ္မတ Xi Jinping နဲ့ အမေရိကန်သမ္မတ Barack Obama အိမ်ဖြူတော်သတင်းစာ ရှင်းလင်းပွဲ ။ (စက်တင်ဘာ၊ ၂၀၁၅)
တရုတ်သမ္မတ Xi Jinping နဲ့ အမေရိကန်သမ္မတ Barack Obama အိမ်ဖြူတော်သတင်းစာ ရှင်းလင်းပွဲ ။ (စက်တင်ဘာ၊ ၂၀၁၅)

မြောက်ကိုရီးယားက စီစဉ်ထားတဲ့ ဒုံးကျည်ပစ်ခတ်စမ်းသပ်မယ့် အစီအစဉ်ဟာ ရန်စတဲ့ သဘောနဲ့ ဒေသတွင်းတည်ငြိမ်မှု ပျက်ပြားအောင် လုပ်တဲ့ နောက်ထပ် လုပ်ရပ်ဖြစ်ကြောင်း သောကြာနေ့ တယ်လီဖုံး စကားပြောရာမှာ အမေရိကန်သမ္မတ Barack Obama နဲ့ တရုတ်သမ္မတ Xi Jinping တို့ သဘောတူခဲ့ကြတယ်လို့ သမ္မတ အိမ်ဖြူကပြောပါတယ်။

အခုလို စမ်းသပ်မှုဟာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ချမှတ်ထားတာကို ထပ်ပြီး ချိုးဖေါက်တာလို့ ခေါင်းဆောင် ၂ ဦးက ပြောကြောင်း သမ္မတ အိမ်ဖြူရဲ့ ကြေညာချက် မှာ ဖေါ်ပြထားပါတယ်။ မြောက်ကိုရီးယား အစိုးရက ဇန်နဝါရီလ တုန်းက ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ် ပစ်လွှတ်မှုဟာ အောင်မြင်မှု ရှိတယ်လို့ပြောကြား ခဲ့ပြီးတဲ့နောက်မှာ ရော့ကက် ဒုံးကျည် တခု လွှတ်တင်ဖို့ စီစဉ်နေတယ်လို့ မကြာသေးခင်ကပဲ မြောက်ကိုရီးယား က ကြေညာခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ အိုဘားမားနဲ့ တရုတ်သမ္မတ ရှီတို့ က မြောက်ကိုရီးယား ကို နျူကလီယားလက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံတနိုင်ငံဖြစ်မှာ လက်မခံနိုင်ကြသလို ကိုရီးယားကျွန်းဆွယ်ဒေသကို လုံးဝ နျူကလီယားကင်းမဲ့ဇုံ အဖြစ်လုပ်ဆောင်ဖို့ တယ်လီဖုံးနဲ့ ပြောကြားကြစဉ်အတွင်း သံဓိဌာန် ချခဲ့ ကြတယ်လို့ သမ္မအိမ်ဖြူကပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ကနေတဆင့် လုပ်ဆောင်တာ အပါအဝင် မြောက်ကိုရီးယားရဲ့ ရန်စမှုတွေအတွက် တုန့်ပြန်ရာမှာ နိုင်ငံတကာနဲ့ ပူးပေါင်းပြီး ခိုင်ခိုင်မာမာ ဆောင်ရွက်သွားဖို့ အရေးပါကြောင်းလည်း ခေါင်းဆောင် ၂ ဦးက အလေးထား ပြောကြားခဲ့ကြတယ်လို့ လည်း သမ္မတအိမ်ဖြူ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG