ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ကျင်းပနေတဲ့ ၂၀၁၂ ခုနှစ် အိုလံပစ် အားကစားပြိုင်ပွဲရဲ့ တနင်္ဂနွေနေ့ အမျိုးသားမီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ဂျမေကာ (Jamaica) နိုင်ငံသား Usain Bolt က ၉.၆၃ စက္ကန့်နဲ့ စံချိန်သစ်တင်လိုက်ပြီး ရွှေတံဆိပ် ဆွတ်ခူးလိုက် ပါတယ်။ ဒီပွဲစဉ်ဟာ ပရိသတ် အများဆုံး မျှော်လင့် စောင့်စားခဲ့တဲ့ပွဲ ဖြစ်ပါတယ်။ နောက်ထပ် ဂျမေကာ အပြေးသမား Yohan Blake က ငွေနဲ့ အမေရိကန်အသင်းက Justin Gatin က ကြေးတံဆိပ် အသီးသီး ရရှိသွားပါတယ်။
မာရသွန် အပြေးပြိုင်ပွဲကို မိုးထဲရေထဲမှာ ကျင်းပခဲ့ရာမှာ အီသီယိုးပီးယား နိုင်ငံက အမျိုးသမီး အပြေး သမား Tiki Gelana က ၂ နာရီ ၂၃ မိနစ် ၇ စက္ကန့်နဲ့ စံချိန်သစ်တင်ပြီး ရွှေတံဆိပ် ဆွတ်ခူးသွားပါတယ်။ ကင်ညာနိုင်ငံက Priscah Jeptoo က ငွေ နဲ့ ရုရှားနိုင်ငံသူ Tatyana Petrova Arkhipova က ကြေးတံဆိပ် အသီးသီး ရရှိသွားပါတယ်။
အမျိုးသားတဦးချင်း တင်းနစ် ပြိုင်ပွဲမှာ ဗြိတိန်က Andy Murray က Switzerland က Roger Federer ကို အနိုင်ရိုက်ပြီး ရွှေတံဆိပ် ရရှိသွားပါတယ်။
အမျိုးသား ၂ ယောက်တွဲ ကြက်တောင်ရိုက် ဗိုလ်လုပွဲမှာ တရုတ်နိုင်ငံ အသင်းက ရွှေတံဆိပ် ရရှိခဲ့ပြီး ဒီအိုလံပစ်ပွဲရဲ့ ကြက်တောင်ပွဲစဉ် ၅ ခုစလုံးမှာ တရုတ်အသင်းက ဆုတွေအားလုံး သိမ်းကျုံးနိုင်ခဲ့တာပါ။ ဒီနေ့အထိ အိုလံပစ်ပွဲမှာ တရုတ်က ဆုအရေအတွက် အများဆုံးနဲ့ ဦးဆောင်နေပြီး အမေရိကန်နဲ့ အိမ်ရှင်ဗြိတိန် အသင်းတို့က ဒုတိယနဲ့ တတိယ လိုက်နေပါတယ်။