သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေကူးချန်ပီယံ Phelps အိုလံပစ် ဆုတံဆိပ် စံချိန်တင်


မီတာ ၂၀၀ ရေကူူးဆုတံဆိပ်ရှင်များ (ဝဲမှယာ) Michael Phelps (အမေရိကန်)၊ Chad le Clos (တောင်အာဖရိက)၊ Takeshi Matsuda (ဂျပန်)။ ဇူလိုင် ၃၁၊ ၂၀၁၁၂။
မီတာ ၂၀၀ ရေကူူးဆုတံဆိပ်ရှင်များ (ဝဲမှယာ) Michael Phelps (အမေရိကန်)၊ Chad le Clos (တောင်အာဖရိက)၊ Takeshi Matsuda (ဂျပန်)။ ဇူလိုင် ၃၁၊ ၂၀၁၁၂။
အမေရိကန်ရေကူးသမား Michael Phelps ဟာ အိုလံပစ် အားကစားပြိုင်ပွဲမှာ အားကစားသမားတွေ ဆန္ဒ အရှိဆုံးဖြစ်တဲ့ စံချိန်တွေကို ချိုးလိုက်ပြီဖြစ်ပါတယ်။

လက်ရှိ ကျင်းပဆဲ ၁၀၁၂ ခုနှစ် လန်ဒန် အိုလံပစ်ပြိုင်ပွဲမှာ ဆုတံဆိပ်နှစ်ခု ရအောင်ယူပြီး အိုလံပစ် အားကစား ပြိုင်ပွဲတွေမှာ ဆုတံဆိပ်စုစုပေါင်း ၁၉ ခု ရပြီးတော့ စံချိန်ချိုးသွားတာပါ။

အင်္ဂါနေ့က ကျင်းပတဲ့ အမျိုးသား မီတာ ၂၀၀ လိပ်ပြာကူး ပြိုင်ပွဲမှာ ငွေတံဆိပ်ရပြီး အမျိုးသားမီတာ ၂၀၀ လေးယောက်တွဲ လက်ဆင့်ကူးပြိုင်ပွဲမှာ အသင်းဖော်တွေဖြစ်တဲ့ Ryan Lochte, Conor Dwyer, Ricky Berens တို့နဲ့အတူ ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့တာပါ။ အဲဒီပြိုင်ပွဲမှာ ပြင်သစ်က ဒုတိယငွေတံဆိပ်ဆုရပြီး တရုတ်က တတိယ ကြေးတံဆိပ်ရသွားပါတယ်။

ဆိုဗီယက် ပြည်ထောင်စု ခေတ်တုန်းက ဂျွမ်းဘားအားကစားမယ် Larisa Latynina ဟာ အိုလံပစ် အားကစား ပြိုင်ပွဲတွေမှာ ဆုတံဆိပ်ပေါင်း ၁၈ ခု ဆွတ်ခူးပြီး အရင် စံချိန် တင်ထားတာ ဖြစ်ပါတယ်။

အမျိုးသားမီတာ ၂၀၀ လိပ်ပြာကူးပြိုင်ပွဲမှာ Michael Phelps ကို အနိုင်ယူပြီး ရွှေတံဆိပ်ရသွားသူကတော့ တောင်အာဖရိက ရေကူးသမား Chad Le Clos ဖြစ်ပါတယ်။ ဂျပန်ရေကူးသမား Takeshi Matsuda က အဲဒီပြိုင်ပွဲမှာ ကြေးတံဆိပ် ဆွတ်ခူးခဲ့ပါတယ်။
XS
SM
MD
LG