သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင် မြောက်ကိုရီးယား နယ်စပ်မှာ ပစ်ခတ်မှုဖြစ်ပွား


တောင်နဲ့မြောက် ကိုရီးယားနယ်စပ်မှာ ကင်းလှည့်နေတဲ့ တောင်ကိုရီးယားစစ်သားများ။
တောင်နဲ့မြောက် ကိုရီးယားနယ်စပ်မှာ ကင်းလှည့်နေတဲ့ တောင်ကိုရီးယားစစ်သားများ။

တောင်နဲ့မြောက်ကိုရီးယား ၂ နိုင်ငံနယ်ခြားစောင့်တပ်တွေကြား ဒီကနေ့ တနင်္ဂနွေနေ့မှာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။

၂ နိုင်ငံကြား စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ထားတဲ့နေရာနားဆီ မြောက်ကိုရီးယားစစ်သားတဖွဲ့ ချဉ်းကပ်လာတဲ့အတွက် တောင်ကိုရီးယားဘက်က သတိပေး သေနတ် ပစ်ဖေါက်ပေမဲ့လည်း နောက်ဆုတ်မသွားတဲ့အတွက် တောင်ကိုရီးယားဘက်က စတင် ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

မြောက်ကိုရီးယားဘက်ကလည်း ပြန်လည် ပစ်ခတ်ခဲ့တာမှာ အပြန်အလှန်ပစ်ခတ်မှုဟာ ဆယ်မိနစ်လောက်ကြာခဲ့တယ်လို့ ကာကွယ်ရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒီလိုပစ်ခတ်မှုဖြစ်ပြီးနောက်မှာတော့ မြောက်ကိုရီးယားစစ်သားတွေ သူတို့ဘက်ကို ပြန်သွားကြတယ်လို့ ပြောပါတယ်။

ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရမှု ရှိတယ်လို့တော့ မသိရပါဘူး၊ ဒီလအစောပိုင်းကလည်း မြောက်ကိုရီးယားအစိုးရကို ဆန့်ကျင်ဝါဒဖြန့်တဲ့ မိုးပျံ ပူဖေါင်းတွေကို တောင်ကိုရီးယားလှုပ်ရှားသူတွေက လွှတ်တင်ခဲ့စဉ်မှာ ၂ ဖက်တပ်တွေကြား အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။

XS
SM
MD
LG