သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ပြန်ပေးဆွဲ သတ်ဖြတ်မှု ၂၁ ဦးသေ


ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့နားမှာ ကြာသပတေးနေ့က စစ်သွေးကြွတွေရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရတဲ့ လူမျိုးစုတွေရဲ့ ပြည်သူ့စစ် ၂၁ ယောက်ဟာ သေနတ်နဲ့ ပစ်သတ်ခံထားရပြီး သေဆုံးနေတာ တွေ့ခဲ့ရတယ် လို့ ပါကစ္စတန် တာဝန်ရှိသူတွေက ပြောပါတယ်။

ပက်ရှ်ဝါမြို့နားက Jabai ဒေသမှာ အဲဒီသေဆုံးနေတဲ့ ရုပ်အလောင်းတွေကို ပါကစ္စတန် အာဏာပိုင်တွေ က တနင်္ဂနွေနေ့ မနက်အစောပိုင်းမှာ တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ အဲဒီဒေသအစိုးရရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Naveed Akbar Khan က ပြောပါတယ်။

အဲဒီလူတွေဟာ ကြာသပတေးနေ့ ပျောက်ဆုံးသွားခဲ့တဲ့ ပြည်သူ့စစ် ၂၃ ယောက်ထဲက လူတွေဖြစ်တယ် လို့ ပြောပါတယ်။ အဲဒီလူတွေဟာ ခိုင်ဘာပတွန်ခွာ ပြည်နယ်က ကင်းစခန်းကို လက်နက်ကိုင်တွေက တိုက်ခိုက်ခဲ့စဉ်အတွင်း ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။ ဘယ်သူကမှတော့ သူတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ မပြောသေးပါဘူး။ ဒါပေမဲ့ ဒါဟာ အယ်လ်ခိုင်းတွေနဲ့ ဆက်နွယ်နေတဲ့ စစ်သွေးကြွတွေရဲ့ လက်ချက်ဖြစ်တယ်လို့ အဲဒီ ဒေသတာဝန်ရှိသူတွေက ပြောပါတယ်။
XS
SM
MD
LG