သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘနာဇီယာဘူတို လုပ်ကြံမှု စုံစမ်းသူ အသတ်ခံရ


ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Benazir Bhutto လုပ်ကြံ သတ်ဖြတ်ခံရမှု၊ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ ၂၀၀၈ ခုနှစ်က ဖြစ်သွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို စုံစမ်း စစ်ဆေးနေတဲ့ အစိုးရရှေ့နေ သတ်ဖြတ်ခံလိုက်ရတယ်လို့ ပါကစ္စတန် ရဲတပ်ဖွဲ့က ပြောပါတယ်။

Chaudry Zulfikar ကို မော်တော်ဆိုင်ကယ်စီးလာတဲ့ သေနတ်သမားက သောကြာနေ့မှာ သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်သွားတာလို့ ဆိုပါတယ်။ သူ့ရဲ့ သက်တော်စောင့်လည်း တိုက်ခိုက်မှုအတွင်း ဒဏ်ရာ ရသွားခဲ့ပြီး အနားမှာရှိတဲ့ အမျိုးသမီးတဦးကတော့ သူစီးလာတဲ့ကားနဲ့ အတိုက်ခံလိုက်ရတာကြောင့် သေဆုံးသွားတယ်လို့ ဆိုပါတယ်။ သေနတ်သမားကတော့ ထွက်ပြေးလွှတ်မြောက်သွားခဲ့ပါတယ်။

ဒီအတောအတွင်း မေလ ၁၁ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်း Sadiq Zaman khattak လဲ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ပြည်ပမှာသွားရောက်နေထိုင်နေရာက ပါကစ္စတန်ကိုပြန်လာပြီး သီပတ်အနဲငယ်အတွင်း ၂၀၀၇ ခုနှစ် ဒီဇင်ဘာလက Rawalpindi မြို့မှာ လုပ်ကြံ သတ်ဖြတ်ခံလိုက်ရတဲ့ ဝန်ကြီးချုပ်ဟောင်း Benazir Bhutto အမှုကို Zulfikar က စုံစမ်း စစ်ဆေးနေတာပါ။

ဝန်ကြီးချုပ်ဟောင်း ဘူတို လုပ်ကြံသတ်ဖြတ်ခံရမှုမှာ စစ်အုပ်ချုပ်ရေးမှူးဟောင်း Pervez Musharraf ပါဝင် ပတ်သက်တယ်လို့ စွပ်စွဲခံထားရတာပါ။ မစ္စတာ မူရှာရက်ဖ်ကတော့ အဲဒီ စွဲဆိုချက်ကို ငြင်းဆိုထားပါတယ်။
XS
SM
MD
LG