သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ရေဘေး ၄၅၀ ကျော်သေ


ရေဘေးဒဏ်သင့် ပါကစ္စတန်။
ရေဘေးဒဏ်သင့် ပါကစ္စတန်။
ပါကစ္စတန်နိုင်ငံမှာ ပြီးခဲ့တဲ့ မုတ်သုန်မိုးရာသီအတွင်း သီတင်းပတ်ပေါင်းများစွာ ရေကြီးခဲ့တာကြောင့် လူ ၄၅၅ ယောက်သေဆုံးပြီး ၅ သန်းကျော် ဘေးဒုက္ခရောက်ခဲ့ကြတယ်လို့ ပါကစ္စတန် ဘေးဒုက္ခ ကယ်ဆယ်ရေး အဖွဲ့က ခန့်မှန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် ငါးပတ်အတွင်းမှာ ပါကစ္စတန်တနိုင်ငံလုံး ရေကြီးတဲ့ဘေးဒဏ်တွေကို ခံခဲ့ကြရတယ် လို့ ပါကစ္စတန်တာဝန်ရှိသူတွေက ပြောပါတယ်။ အဆိုးဆုံးခံခဲ့ရတာကတော့ မြေနိမ့်ပိုင်း ဆင်းပြည် နယ် ဖြစ်ပါတယ်။ ဆင်းပြည်နယ်ဒေသဟာ ပင်လယ်ကမ်းရိုးတန်း တလျှောက် တည်ရှိတဲ့နေရာဖြစ်ပါ တယ်။ ရေကြီးမှုနဲ့ဆက်နွယ်တဲ့ သေဆုံးသူတဝက်ကျော်ဟာ ဆင်းပြည်နယ်က ဖြစ်ပြီး လူ ၂ သိန်းခွဲ နီးပါးလောက် ဟာလည်း ကယ်ဆယ်ရေးစခန်းတွေမှာ နေ နေကြရပါတယ်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍဘက်မှာဆိုရင်လည်း ပန်ဂျပ်ပြည်နယ်က အဆိုးဆုံးခံရတာဖြစ်ပြီး သီးနှံစိုက်ပျိုးမြေ ဧက ၅ သိန်းလောက် ထိခိုက်ပျက်စီးခဲ့ရပါတယ်။ အနောက်တောင်ပိုင်း ဘလူချီစတန်ပြည်နယ်မှာတော့ လယ်ယာသုံးတိရစ္ဆာန်တွေ အများဆုံးသေဆုံးခဲ့ပြီး နွားကောင်ရေ ၇ ထောင် သေဆုံးခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံမှာ နှစ်စဉ်လိုလို မုတ်သုန်ရာသီရောက်ပြီးဆိုရင် ရေကြီးတာတွေ ကြုံရတတ်ပြီး လွန်ခဲ့ တဲ့နှစ်နှစ်မှာလည်း ရေကြီးမှုဒဏ်ကို အကြီးအကျယ်ခံခဲ့ရပါတယ်။ ၂၀၁၀ ခုနှစ်က ဖြစ်ခဲ့တဲ့ ရေကြီးမှု ကတော့ ရာစုနှစ်တခုအတွင်း အဆိုးဆုံးရေကြီးမှုဖြစ်ပါတယ်။ အဲဒီ ရေကြီးမှုကြောင့် ဗြိတိန်နိုင်ငံ အင်္ဂလန် နယ်လောက်ရှိတဲ့ မြေဧရိယာ ရေနစ်မြုပ်ခဲ့ပြီး ၁,၈၀၀ ကျော်သေဆုံးခဲ့သလို၊ လူပေါင်း ၂၁ သန်း ဒုက္ခရောက်ခဲ့ကြပါတယ်ခင်ဗျာ။
XS
SM
MD
LG