သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်သွေးကြွတွေ ပါကစ္စတန် နှိပ်ကွပ်


ပါကစ္စတန် ပေါက်ကွဲမှု(ဒီဇင်ဘာ ၁၉၊ ၂၀၁၄)
ပါကစ္စတန် ပေါက်ကွဲမှု(ဒီဇင်ဘာ ၁၉၊ ၂၀၁၄)

စစ်သွေးကြွနှစ်ဦးကို သုတ်သင်လိုက်တယ်လို့ ပါကစ္စတန် စစ်ဖက် အသိုင်းအဝိုင်းက ပြောဆိုပါတယ်။ အင်္ဂါနေ့တုန်းက ကလေးငယ်တွေ အများစု အပါအဝင် လူပေါင်း ၁၅၀နီးပါးသေဆုံးခဲ့ရတဲ့ Peshawar မြို့တိုက်ခိုက်မှုအပြီး စစ်သွေးကြွတွေအပေါ် အစိုးရက ပြင်းပြင်းထန်ထန် ကိုင်တွယ်လာတာပါ။ Dr. Usman နဲ့ Arshad Mahmood တို့ကို Faisalbad အကျဉ်းထောင်မှာ ကြိုးပေးသတ်ခဲ့တာပါ။

စစ်ဌာနချုပ်ကို တိုက်ခိုက်ဖို့၊ သမ္မတဟောင်း Pervez Musharraf ကိုလုပ်ကြံ သတ်ဖြတ်ဖို့ကြိုးစားမှုနဲ့ သီရိလင်္ကာ ခရစ်ကတ်အသင်းကို အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် စစ်ခုံရုံးက သူတို့ကို အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ Peshawar ရှိကျောင်းကို တိုက်ခိုက်မှုဖြစ်ပွါးပြီးနောက် ဝန်ကြီးချုပ် Nawaz Sharif က သေဒဏ်ချမှတ်ထားမှု ရပ်စဲထားတာကို ပြန်လည်ရုပ်သိမ်းပြီး နောက်တရက်မှာပဲ အကြမ်းဖက်သမား နှစ်ဦးကို အခုလို သေဒဏ်ပေးလိုက်တာပါ။

အစိုးရက စစ်သွေးကြွတွေကို နှိမ်နင်းတာကြောင့်ကျောင်းကို တိုက်ခိုက်တာဖြစ်တယ်ဆိုပြီး တာလီဘန်တွေကပြောပါတယ်။ ဒါပေမယ့်လည်း နောက်ထပ် စစ်သွေးကြွ လေးယောက်ကို သေဒဏ်ပေးဖို့ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Raheel Sharif က လက်မှတ်ရေးထိုး ထုတ်ပြန်ထားပြီး မကြာခင်မှာ သူတို့ကို ကွပ်မျက်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG