သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံပြန်မယ့်မူရှာရပ်ဖ်ကို တာလီဘန်တွေ ခြိမ်းခြောက်


ပါကစတစ္စတန် သမ္မတဟောင်း ပါဗက်ဇ်မူရှာရပ်ဖ်။ (မတ်လ ၂၃ ရက်၊ ၂၀၁၃)။
ပါကစတစ္စတန် သမ္မတဟောင်း ပါဗက်ဇ်မူရှာရပ်ဖ်။ (မတ်လ ၂၃ ရက်၊ ၂၀၁၃)။
ပါကစ္စတန်သမ္မတဟောင်း မူရှာရပ်ဖ်အနေနဲ့ လာမယ့်ပါလီမန်ရွေးကောက်ပွဲတွေကို ဝင်ပြိုင်ဖို့အတွက် ပါကစ္စတန်နိုင်ငံကို ပြန်လာတဲ့အခါ မူရှာရပ်ဖ် (Musharraf) ကို လုပ်ကြံသတ်ဖြတ်ဖို့အတွက် ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ပါကစ္စတန်တာလီဘန်တွေက ပြောလိုက်ပါတယ်။

စနေနေ့ကထုတ်ပြန်လိုက်တဲ့ ဗွီဒီယိုတခုမှာတော့ မူရှာရပ်ဖ်ကို လုပ်ကြံသတ်ဖြတ်ဖို့အတွက် အဖွဲ့တဖွဲ့ကို ပြင်ဆင်ထားတယ်လို့ တာလီဘန်တာဝန်ရှိသူတွေက ပြောထားပါတယ်။ သမ္မတဟောင်း မူရှာရပ်ဖ်ဟာ လန်ဒန်နဲ့ ဒူဘိုင်းမြို့တွေမှာ ၄ နှစ်ခွဲလောက် သူဘာသာသူ သွားရောက်နေထိုင် ခဲ့ပြီးတဲ့နောက် ဒီကနေ့ တနင်္ဂနွေနေ့မှာ ကရာချီးမြို့ကို ရောက်ရှိလာမယ်လို့ ခန့်မှန်းနေကြပါတယ်။

ပါကစ္စတန်နိုင်ငံမှာ မူရှာရပ်ဖ် သမ္မတဖြစ်ခဲ့စဉ်ကာလအတွင်း သူဟာ အမေရိကန်နဲ့ အနီးကပ် ဆက်ဆံပြီးတော့ အမေရိကန်ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးကို ထောက်ခံခဲ့တာကြောင့် တာလီဘန်တွေက မူရှာရပ်ဖ်ကို ဒေါသထွက်ခဲ့ကြပါတယ်။

မူရှာရပ်ဖ်ဟာ သူပါကစ္စတန်ကို ပြန်သွားတဲ့အခါမှာ အဖမ်းမခံရအောင် အာမခံရထားပြီဖြစ်တယ်လို့ ဒူဘိုင်းမှာ စနေနေ့က ပြောခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်တုန်းက ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတိုကို လုပ်ကြံမှုမှာ ပါဝင်ပတ်သက်မှုရှိတယ်ဆိုပြီး စွပ်စွဲခံရတာကြောင့် သူ့ကို ဖမ်းဆီးခံရဖို့ ရင်ဆိုင်နေရတာပါ။ ဒါပေမဲ့ သူကတော့ မစ္စဘူတို ကို လုပ်ကြံမှုမှာ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
XS
SM
MD
LG