သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်းမူရှာရက်(ဖ်)ကို တရားသူကြီးတွေချုပ်နှောင်ခဲ့မှုနဲ့ဖမ်းဆီး


အကြမ်းဖက်မှုခင်းဆိုင်ရာ တရားရုံးကိုရောက်ရှိလာတဲ့ ပါကစ္စတန်သမ္မတဟောင်း ပါဗက်(ဇ်)မူရှာရပ်(ဖ်)။ (ဧပြီလ ၂၀ ရက်၊ ၂၀၁၃)။
အကြမ်းဖက်မှုခင်းဆိုင်ရာ တရားရုံးကိုရောက်ရှိလာတဲ့ ပါကစ္စတန်သမ္မတဟောင်း ပါဗက်(ဇ်)မူရှာရပ်(ဖ်)။ (ဧပြီလ ၂၀ ရက်၊ ၂၀၁၃)။
၂၀၀၇ ခုနှစ်တုန်းက တရားသူကြီးတွေကို တရားမဝင်ထိန်းသိမ်းခဲ့မှုအတွက် ပါကစ္စတန်နိုင်ငံ သမ္မတဟောင်း ပါဗက်(ဇ်)မူရှာရက်(ဖ်)ကို အကြမ်းဖက်မှုခင်းဆိုင်ရာ တရားရုံးကို ခေါ်ယူပြီးစစ်ဆေးခဲ့ပါတယ်။

စနေနေ့မှာ တရားရုံးကို ရုံးထုတ်လာတဲ့ မစ္စတာမူရှာရက်(ဖ်)ကို နောက်ထပ်ကြားနာ စစ်ဆေးမယ့် မေလ ၄ ရက်နေ့အထိ ဆက်လက် ထိန်းသိမ်းထားဖို့ တရားရုံးက ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။ သူ့အပေါ် စွပ်စွဲတဲ့အမှုမှာ လိုက်ပါထွက်ဆိုပေးမယ့် မျက်မြင်သက်သေ ၁၄ ယောက်ရှိပါတယ်။

မစ္စတာမူရှာရက်(ဖ်)ကို သောကြာနေ့မှာ ဖမ်းဆီးလိုက်ပြီးတဲ့နောက် သူ့ကို အစ္စလာမ်မာဘက်မြို့မှာရှိတဲ့ ရဲတပ်ဖွဲ့ဌာနချုပ် အရာရှိရိပ်သာမှာ ထိန်းသိမ်းထားပါတယ်။

အသက် ၆၉ နှစ်အရွယ်ရှပြီဖြစ်တဲ့ မစ္စတာ မူရှာရက်(ဖ်)ဟာ သောကြာနေ့တုန်းက သူ့ရဲ့ Facebook အင်တာနက် လူမှုကွန်ယက်ပေါ်ကနေ သူ့အပေါ် စွဲဆိုထားချက်တွေဟာ နိုင်ငံရေးပရောဂ မကင်းတဲ့ ထိုးနှက်တိုက်ခိုက်မှုတွေဖြစ်ပြီး ပြန်လည် တိုက်ခိုက်သွားမယ်လို့ ရေးသားထားပါတယ်။

မူရှာရက်(ဖ်)ရဲ့ရှေ့နေ အာမက် ရာဇာ ကာဇူရီ က သူ့အမှုသည်ရဲ့အယူခံကို ဗဟိုတရားရုံးချုပ်မှာ အယူခံတင်သွင်းမှာ ဖြစ်တယ်လို့ ဗွီအိုအေ ကိုပြောပါတယ်။
XS
SM
MD
LG