သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွယ်လွန်သူ Benazir Bhutto ရဲ့ သား မိခင် လုပ်ငန်းများ ဆက်လုပ်မည်


Bhutto ရဲ့ သားငယ် Bilawal Bhutto Zardari (ယာ)
Bhutto ရဲ့ သားငယ် Bilawal Bhutto Zardari (ယာ)
လုပ်ကြံခံလိုက်ရတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Benazir Bhutto ရဲ့ သားဖြစ်သူ Bilawal Bhutto က သူ့မိခင် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်သွားတာကို ဆက်ပြီးတော့လုပ်ဆောင်သွားမယ်လို့ ကြံုံးဝါးပြောဆိုလိုက်ပြီး၊ နိုင်ငံရေးလောက ထဲကို ကြာသာပတေးနေ့မှာ စတင်ခြေချလိုက်ပြီဖြစ်ပါတယ်။
သူ့ရဲ့ ပါကစ္စတန်ပြည်သူ့ပါတီ (PPP) ဟာ ဆင်းရဲသားတွေ အတွက် လုပ်သွားမှာဖြစ်ပြီး၊ ပါကစ္စတန်ပြည်သူတွေကို အကြမ်းဖက်သမားတွေ ရန်ကနေ ကာကွယ်ပေးသွားမယ်လို့ သူ့ရဲ့ မိခင် ကွယ်လွန်ခဲ့တာ ၅ နှစ်ပြည့်အခမ်းအနားမှာ ပြောကြားသွားခဲ့ပါတယ်။

Benazir Bhuttoဟာ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က Rawalpindi မြို့မှာ ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးနေစဉ်အတွင်း အသေခံဗုံးခွဲသူတစ်ယောက်က သေနတ်နဲ့ပစ်ပြီး အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ မစ္စ Bhutto ဟာ အဲဒီအချိန်တုန်းက ပါကစ္စတန်ပြည်သူ့ပါတီ ရဲ့ ခေါင်းဆောင် အဖြစ်နဲ့ ရွေးကောက်ပွဲဝင်အရွေးခံခဲ့တာဖြစ်ပါတယ်။

သူမ သေဆုံးပြီး သိပ်မကြာခင်မှာပဲ သူမရဲ့ ခင်ပွန်းဖြစ်သူ Asif Ali Zardari ဟာ သမ္မတဖြစ် လာခဲ့ပါတယ်။ ဗြိတိန်နိုင်ငံ Oxford တက္ကသိုလ် မှာ ပညာသင်ကြားခဲ့တဲ့ Bilawal Bhutto Zadari ဟာ အသက် ၂၄ နှစ်သာ ရှိသေးပြီး၊ နောက်နှစ်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ငယ်လွန်းနေပါသေးတယ်။ Bilawal ဟာ သူရဲ့ ဖခင်ဖြစ်သူနဲ့ အတူ PPP ပါတီကို ပူးတွဲဥက္ကဌအဖြစ် ဦးဆောင်နေတာဖြစ်ပါတယ်။
XS
SM
MD
LG