သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် လေတပ်စခန်း တိုက်ခိုက်ခံရ


ပါကစ္စတန် မြောက်ပိုင်းက ကြီးမားတဲ့ လေတပ် အခြေစိုက်စခန်းတခုကို မောင်းပြန်သေနက်တွေ ရော့ ကတ် ဒုံးလက်နက်တွေ ကိုင်ဆောင်ထားတဲ့ စစ်သွေးကြွတွေက ဝင်ရောက်တိုက်ခိုက်ရာကနေ အပြန် အလှန် တိုက်ပွဲတွေဖြစ်ပြီး စစ်သားတဦးနဲ့ စစ်သွေးကြွကိုးဦး သေဆုံးသွားခဲ့ပါတယ်။

Kamra လေကြောင်း အခြေစိုက်စခန်းကို ဝင်ရောက်တိုက်ခိုက်တဲ့ နှစ်နာရီကြာ မနက်လင်းအားကြီး တိုက်ပွဲ အတွင်းမှာ လေတပ်စခန်းရဲ့ တပ်မှူးလည်း ဒဏ်ရာရသွားတယ်လို့ ပါကစ္စတန် အရာရှိတွေ က ပြောပါတယ်။

လေယဉ်တစင်းလည်း ပျက်စီးသွားပါတယ်။ စစ်သွေးကြွတွေဟာ လေတပ်စခန်းရဲ့စည်းကို ဖောက်ခွဲ ဝင်ရောက် လာပြီး အချို့ဟာ စစ်ယူနီဖောင်းတွေ ဝတ်ဆင်ထားတယ်လို့ ဆိုပါတယ်။ နောက်ပိုင်း မှာတော့ ထောင်ထားတဲ့ ဗုံးအချို့ကို လုံခြုံရေးတပ်ဖွဲ့တွေက တွေ့ပြီး စနက်တံ ဖြုတ်နိုင်ခဲ့ပါတယ်။

ဒီ တိုက်ခိုက်မှုကို သူတို့ လုပ်တာလို့ ပါကစ္စတန် အခြေစိုက် တာလီဘန်က ပြောပါတယ်။ ပါကစ္စတန်-တာလီဘန်တွေဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်းကလည်း ဒီလိုပဲ စစ်အခြေစိုက်စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်လေ့ ရှိပါတယ်။
XS
SM
MD
LG