သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ရွေးကောက်ပွဲအကြို တိုက်ခိုက်မှုတွေဖြစ်ပွား


ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့များ ကရာချီးမြို့မှာ စောင့်ကြပ်နေပုံ။ (ဧပြီလ ၂၄ ရက်၊ ၂၀၁၃)။
ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့များ ကရာချီးမြို့မှာ စောင့်ကြပ်နေပုံ။ (ဧပြီလ ၂၄ ရက်၊ ၂၀၁၃)။
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက်မှာ မေလ ၁၁ ရက်နေ့ ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုတွေကို ၂ ကြိမ် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရလို့ လူ ၈ ဦးထက် မနည်းသေဆုံးခဲ့ရပါတယ်။

Kohat မြို့ဆင်ခြေဖုံးဒေသရှိ အမျိုးသားလွှတ်တော် တသီးပုဂ္ဂလအမတ်လောင်းရဲ့ မဲဆွယ်စည်းရုံးရေးရုံးကို ဒီနေ့ တနင်္ဂနွေနေ့က ဗုံးခွဲတိုက်ခိုက်ခဲ့ရာမှာ အနည်းဆုံး ၅ ယောက်သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

အဲဒီနောက် Peshawar မြို့က Nasir Khan Afridi ဆိုသူ တသီးပုဂ္ဂလအမတ်လောင်းတဦးရဲ့ ရုံးကိုလည်း အလားတူတိုက်ခိုက်ခဲ့လို့ ၃ ဦးထက်မနည်းသေဆုံးခဲ့ရပါတယ်။ အခုထိတော့ ဘယ်သူ့လက်ချက်ဖြစ်တယ်ဆိုတာ မသိရသေးပါဘူး။

ဒါပေမဲ့ ပါကစ္စတန်ရှိ တာလီဘန်တွေက ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီအတော်များများကို ပစ်မှတ်ထားတိုက်ခိုက် နေတာဖြစ်ပါတယ်။ အတိုက်ခိုက်ခံရတဲ့ ပါတီတွေဟာ စစ်တပ်က အစ္စလာမ်ဝါဒီစစ်သွေးကြွတွေကို နှိမ်နင်းတဲ့စစ်ဆင်ရေးကို အားပေးထောက်ခံကြသလို၊ နိုင်ငံရေးကို ဘာသာရေးနဲ့ မဆက်စပ်တဲ့မူကို ကျင့်သုံးလိုကြသူတွေဖြစ်ပါတယ်။

ပါကစ္စတန်မှာ အရပ်သားအစိုးရသက်သက် ပထမအကြိမ်အုပ်ချုပ်ခဲ့တာ သက်တမ်းပြည့်ခဲ့ပြီး အခု မေလ၁၁ ရက်နေ့မှာ နောက်ထပ် အရပ်သားအစိုးရကို လွှဲပြောင်းပေးဖို့အတွက် ရွေးကောက်ပွဲကျင်းပတော့မှာဖြစ်ပါတယ်။
XS
SM
MD
LG