သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှုကြားက ပါကစ္စတန် ရွေးကောက်ပွဲ


ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ပါကစ္စတန်ပြည်သူ့ပါတီရုံး အပြင်ဘက်မှာ စစ်သားတချို့ စောင့်ကြပ်နေပုံ။ (မေလ ၁၀ ရက်၊ ၂၀၁၃)။
ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ပါကစ္စတန်ပြည်သူ့ပါတီရုံး အပြင်ဘက်မှာ စစ်သားတချို့ စောင့်ကြပ်နေပုံ။ (မေလ ၁၀ ရက်၊ ၂၀၁၃)။
ပါကစ္စတန်နိုင်ငံမှာ ရွေးကောက်ပွဲမကျင်းပခင် တရက်အလိုမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့တာကြောင့် လူ ၄ ယောက်ထက်မနည်းသေဆုံးပြီး ၁၈ ယောက် ဒဏ်ရာရသွားပါတယ်။ တာလီဘန်တွေ နဲ့ အယ်လ်ခိုင်းဒါးတွေရဲ့ အမာခံနယ်မြေဖြစ်တဲ့ မြောက်ဝါဇီရစ္စတန်ပြည်နယ်က နိုင်ငံရေးပါတီရုံးတခုနားမှာ သောကြာနေ့က ဗုံးပေါက်ကွဲမှုကြောင့် လူ ၄ ယောက် သေဆုံးသွားခဲ့တာပါ။

အစောပိုင်းသတင်းတွေအရတော့ သေဆုံးသူဦးရေဟာ ၅ ဦးရှိပြီး ၁၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုကြောင့် ပါကစ္စတန်ပြည်သူ့ပါတီရုံးရဲ့ အပြင်ဘက်မှာ လူ ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဒီ ဗုံးကွဲမှုတွေနဲ့ပတ်သက်ပြီး ဘယ်သူကမှတော့ သူတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ ပြောဆိုခြင်းမရှိသေးပါဘူး။

ဒါပေမဲ့ တာလီဘန်တွေက ရွေးကောက်ပွဲကို ဖျက်ဖို့အတွက် တိုက်ခိုက်မှုတွေ လုပ်ခဲ့သလို၊ အသေခံဗုံးခွဲသမားတွေကိုလည်း စေလွှတ်ထားတယ် လို့ ပြောပါတယ်။ တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ ဧပြီလနှောင်းပိုင်းကစပြီး လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ပြီးတော့၊ အတော်များများလည်း ဒဏ်ရရခဲ့ပါတယ်။
XS
SM
MD
LG