သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်းဝန်ကြီးချုပ် နှုတ်ထွက်


ပါလက်စတိုင်းဝန်ကြီးချုပ် Salam Fayyad။
ပါလက်စတိုင်းဝန်ကြီးချုပ် Salam Fayyad။
ပါလက်စတိုင်းဝန်ကြီးချုပ် Salam Fayyad ဟာ သမ္မတ Mahmoud Abbas နဲ့ ကာလအတော်ကြာ သဘောထားမတိုက်ဆိုင်မှုတွေ ရှိခဲ့ရာက စနေနေ့ကတော့ ရာထူးကနှုတ်ထွက်လိုက်ပြီဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရသစ်ဖွဲ့မပြီးမချင်း အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်တာဝန်ဆက်ယူသွားမယ်လို့ မစ္စတာ Fayyad ကသဘောတူပါတယ်။

မစ္စတာ Fayyad ဟာ အနေက်ဘက်ကမ်းဒေသမှာ လမ်း၊ စာသင်ကျောင်းနဲ့ တခြားအခြေခံ အဆောက်အဦးတွေကို နိုင်ငံတကာ အကူအညီပေးငွေ သန်းရာနဲ့ချီအောင်သုံးပြီး ဆောက်လုပ်ခဲ့တဲ့အတွက် အသိအမှတ်ပြုခံရသူ ဖြစ်ပါတယ်။

ဒါပေမဲ့ ဝန်ကြီးချုပ်ရာထူးရဲ့ လုပ်ပိုင်ခွင့်နဲ့ စီးပွားရေးမူဝါဒဆိုင်ရာ ကိစ္စတွေမှာ ဝန်ကြီးချုပ် Fayyad နဲ့ သမ္မတကြား အကြီးအကျယ် သဘောထားကွဲလွဲမှုတွေ ဖြစ်နေခဲ့တာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံကတော့ မတည်မငြိမ်ဖြစ်နေတဲ့ အရှေ့အလယ်ပိုင်းမှာ ပါလက်စတိုင်း ဝန်ကြီးချုပ် Fayyad ဟာ သဘောထား မတင်းမာတဲ့ အလယ်အလတ်လမ်းစဉ်သမားဖြစ်တယ်လို့ ရှုမြင်ပါတယ်။

မစ္စတာ Fayyad ဟာ အမေရိကန်သမ္မတ ဘရက်အိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ တို့ရဲ့ လူသိရှင်ကြားထောက်ခံမှုကို ရရှိခဲ့သူဖြစ်ပါတယ်။
XS
SM
MD
LG